
ပြည် ဇူလိုင် ၂၀
ပြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ( ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲဖြင့် e-ID ရေးသွင်း ဆောင်ရွက်ခြင်းကို ပြည်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (တိုင်းဒေသကြီးရုံးခွဲ) ခန်းမ၌ ဇူလိုင် ၁၈ ရက်က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားကာ ပြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း ၆၀၀၂၃ ခု၏ ( ပုံစံ-၆၆/၆) အချက်အလက်များကို အချိန်မီ ရေးသွင်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ပြည်မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း ၆၀၀၂၃ ခု၏ (ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းဆောင်ရွက်ခြင်းကို ဝန်ထမ်း ၄၆ ဦးက သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)