ပြည်မြို့၌ နယူးဧရာသစ္စာ ယာဉ်လိုင်းအသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်   နိုဝင်ဘာ   ၃၀ 


ပဲခူးတိုင်းဒေသကြီး   ပြည်မြို့  ကားကြီးဂိတ်ကြီးဝင်း၌  ယနေ့ နံနက် ၈ နာရီက နယူးဧရာသစ္စာယာဉ်လိုင်းအသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ခဲ့သည်။

 


ဦးစွာ  အခမ်းအနားတွင်  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁ )ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်းနှင့် နယူးဧရာသစ္စာယာဉ်လိုင်း  ဥက္ကဋ္ဌ ဦးကျော်လွင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 


အခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၊  ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယူးဧရာသစ္စာ ယာဉ်လိုင်းမှ   ဥက္ကဋ္ဌ နှင့်ဝန်ထမ်းများ  တက်ရောက်ကြပြီး   အဆိုပါ  နယူးဧရာသစ္စာ  ယာဉ် လိုင်းသည်   ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ  သွားလာ နိုင်ရေးအတွက်  ရည်ရွယ်ပြီး  ပြည်-ပဲခူး ခရီးစဉ်အား နံနက် ၆ နာရီ တွင်လည်းကောင်း၊   ပဲခူး-ပြည်ခရီးစဉ်အား   နံနက်  ၈  နာရီတွင် လည်းကောင်း၊ ပြည်-နေပြည်တော် ခရီးစဉ်အား  နံနက်  ၈ နာရီခွဲတွင် တစ်ကြိမ်၊   နံနက် ၁၀နာရီခွဲတွင်  တစ်ကြိမ် ၊    နေပြည်တော်-ပြည် ခရီးစဉ်အား နံနက် ၇နာရီခွဲတွင် တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ်
ပြေးဆွဲမည်ဖြစ်ပြီး    သာယာဝတီ၊   တောင်ငူ၊  ဖြူး၊   မင်းလှ၊  ကြံခင်း၊ မြန်အောင် မြို့များသို့လည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း   သိရ သည်။                             

ကိုစိုး(ပြန်/ဆက်)