ပြည်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

ပြည်   ဒီဇင်ဘာ    ၇


၂၀၂၃ ခုနှစ်   (၁၀၃)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်    တိုင်းဒေသကြီးအဆင့် အခမ်းအနားကို   ယနေ့   နံနက် ၉ နာရီက  ပြည်မြို့   အမှတ်(၁)အခြေခံပညာ       အထက်တန်း ကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ    ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ   သတိုး သီရိသုဓမ္မ    မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက်     အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာ ကို ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြား သည်။


ထို့နောက်    ပဲခူးတိုင်းဒေသ ကြီး(အနောက်ပိုင်း)၊ ပြည်၊ သာယာ ဝတီနှင့် နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်း များမှ  အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာ   အခြေခံပညာအထက် တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်  (စာစီစာကုံး၊    ကဗျာ၊ ပန်းချီ) ပြိုင်ပွဲများတွင်    ပထမ၊ ဒုတိယနှင့် တတိယဆုရကျောင်း သား   ကျောင်းသူများအား   ခရိုင် စီမံအုပ်ချုပ်ရေး   အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြောင်း    သိရ သည်။          

ကိုဆက်(ပြန်/ဆက်)