ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (၁၂၂) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကျင်းပ

 

ပြည်    နိုဝင်ဘာ    ၁၄


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (၁၂၂) ကြိမ်မြောက်  ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီက စေတီတော် ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပသည်။

 


ရှေးဦးစွာ       သြဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော  ဧည့်ပရိသတ်      အပေါင်းတို့က နမောတဿ    သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍    အခမ်းအနား ဖွင့်လှစ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာန ချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်   မြတ်ကို၊   ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း အောင်နှင့်    အဖွဲ့ဝင်  (၁)  ဒုတိယ ဗိုလ်မှူးကြီး ကျော်မြတ်သူ၊ ပြည် မြို့နယ်        စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်လင်းဦးနှင့်       အဖွဲ့ဝင်များ၊ ရွှေဆံတော်ဂေါပကအဖွဲ့ တာဝန် ရှိသူများက   ဗုဒ္ဓမြတ်စွယ်တော် တိုက်ရှိ    ဂန္ဓကုဋိတိုက်အတွင်းမှ  ပတ္တမြားစေတီတော်၊    သီဟိုဠ်မှ  ပင့်ဆောင်လာသော     မူလစေတီ တော်၊ ရွှေကလာပ်တော်၊ ရွှေစန္ဒကူး  ကြုတ်တော်နှင့်    စိန်စေတီတော်    တို့ကို  အခမ်းအနားကျင်းပသည့် နေရာရှိ ယာယီပလ္လင်တော်ပေါ်သို့ အသီးသီး ပင့်ဆောင်ကြသည်။

 


ဆက်လက်၍ ပြည်မြို့ မဟာ သုဒဿနရာမ     ကျောင်းတိုက် ဦးစီးပဓာနနာယက၊  ရွှေဆံတော် စေတီတော်မြတ်ကြီး         ဂေါပက အဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယက       တွဲဖက် အကျိုးတော်ဆောင်   ဆရာတော် အဂ္ဂမဟာ     သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဌိလ ထံမှ တက်ရောက် လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ကြီး အမှူးပြုသော သြဝါဒါဆရာ တော်ကြီများထံ     တာဝန်ရှိသူ များက  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ  ဆရာ တော်ကြီးများက မေတ္တသုတ်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈယ်တော်မူ၍   အလှည့်ကျ ဂေါပကအဖွဲ့မှ    ဦးထိန်လင်းက သာသနာရေးဆိုင်ရာ           များကို လျှောက်ထားတင်ပြခဲ့ပြီး ပြည်မြို့ မဟာသုဒဿနရာမ      ကျောင်း တိုက်  ဦးစီးပဓာနနာယက  ဆရာ တော်ကြီးက  ကုသိုလ်ကောင်းမှု  အစုစုတို့အတွက် အနုမောဒနာ တရားနှင့်ရေစက်ချ တရားတော် ချီးမြှင့်တော်မူသည်။

 


ထို့နောက်    အခမ်းအနား   ဒုတိယပိုင်း ဆက်လက်ကျင်းပရာ   တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ် တော် ကိန်းဝပ်‌တော်မူပြီးဖြစ်သော စိန်စေတီတော်ကို           အပူဇော်ခံ မည့်          မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်​ ရွှေပလ္လင်တော် ပေါ်သို့     ပင့်ဆောင်တော်မူကြ ကြောင်း သိရသည်။

ပြည်(ခရိုင်ပြန်/ဆက်)