
ပြည် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ပုညကရဏ လေးထပ်ဓမ္မာရုံတော်၌ ယမန်နေ့ မွန်းလွဲ ၁နာရီက နှစ်သစ်ကူး အထူး ဓမ္မသဘင်အခမ်းအနား ကျင်းပသည်။
ဓမ္မသဘင်တရားပွဲတွင် ရှမ်း ပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မာ စရိယ၊ DPhil(Oxford) ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ (အောက်စဖို့ဒ် ဆရာတော်)က တရားနာပရိသတ် အပေါင်းအား ကိုယ်ချင်းစာတရားနှင့်ကရုဏာတရားတော်မြတ်ကို ဟောကြားတော်မူသည်။
အဆိုပါနှစ်သစ်ကူးဓမ္မသဘင် တရားပွဲသို့ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင် နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် တရားချစ်ခင် ဒေသခံပြည်သူများ တက်ရောက် နာယူကြည်ညိုကြပြီး တရား ဟောဆရာတော်ကြီးထံ အလှူရှင် များက အလှူငွေများနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် အောက်စဖို့ဒ် ဆရာတော်ကြီး အမှူးပြုသော တရားနာ ပရိသတ်အပေါင်းတို့ က ကုသိုလ်ကောင်းမှု အစုစုတို့ အတွက် ဝေနေယျသတ္တဝါအပေါင်း တို့အား ရေစက်သွန်းချအမျှပေး ဝေကြပြီး ဓမ္မသဘင်အခမ်းအနား (ပထမနေ့)ကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ ကြောင်းနှင့် အဆိုပါ နှစ်သစ်ကူး အထူးဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရ သည်။
ကိုဆက်(ပြန်/ဆက်)