ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်    မတ်  ၈ 


မန္တလေးတိုင်း    ဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ်တွင်   ငွေ ကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ     မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း  မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါး    တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ  ပါဝင် သော  ပူးပေါင်းအဖွဲ့သည် မတ် ၆  ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သတင်း အရ ပြည်ကြီးတံခွန်မြို့နယ် ၆၁  လမ်းနှင့် ၆၂ လမ်းကြား ၁၃၄ လမ်း တွင် တင်ဝင်း (၅၅)နှစ်  မောင်းနှင် သည့် Nissan ၁၂  ဘီးယာဉ်ကို စောင့်ကြည့်နေစဉ်     အိုက်စံ (ခ) ဝင်းဆိုင် (ခ) အားရှန် (၃၃)နှစ်နှင့်   ရော်ကျိန်းရန် (ခ)    အားခွိုက်(၃၂)နှစ်တို့   ဆိုင်ကယ်ဖြင့်     ထပ်မံ ရောက်ရှိလာသဖြင့်   ၎င်းတို့ကို ထိန်းသိမ်းပြီး ၁၂  ဘီးယာဉ်ကို ရှာဖွေခဲ့ရာ ဒေသကာလ တန်ဖိုးငွေ ကျပ်  ၁  ဒသမ  ၈   ဘီလီယံကျော် တန်ဖိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြား ၁၀  ဒသမ ၃  သိန်း၊ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို နှင့် ဘိန်းဆီခဲ  ၆၂  ဒသမ   ၄  ကီလို   သိမ်းဆည်းရမိခဲ့ ကြောင်း၊  စစ်ဆေးဖော်ထုတ်ချက် များအရ  သိမ်းဆည်းရမိ  မူးယစ် ဆေးဝါးများကို    ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ   မန္တလေးတိုင်း ဒေသကြီးသို့  သယ်ဆောင်ခြင်း ဖြစ်ပြီး    အိုက်စံနှင့် ရော်ကျိန်းရန် တို့သည်  မန္တလေးတွင် လက်ခံသူ များဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ  ဥပဒေအရ အရေးယူ ထားရှိပြီး       ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို  ဆက်လက် စစ်ဆေး       ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်