
နေပြည်တော် စက်တင်ဘာ ၆
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များ၊ စေတနာ့ဝန်ထမ်း (Volunteer) များနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေ ရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ က စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့ နယ်များအတွင်းရှိ ပြည်သူ အိမ်ထောင်စု စုစုပေါင်း ၃၃၃၈၁ စုတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ် ၈၃၄၆ အိတ်တို့ကို ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်သည်။
ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးစကားပြော ကြားပြီး ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။ သတင်းစဉ်