
၁။ ပြည်တွင်းအားနဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်ပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ် များစွာရှိပါတယ်၊၊ ပြည်တွင်းထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွားတိုးတက်မှု အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်၊၊
၂။ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်၊၊ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်မယ် ဆိုရင် နိုင်ငံရေးအားမကောင်းစရာ မရှိပါဘူး။
၃။ တိုင်းရင်းသားပြည်သူအားလုံးပါဝင်တဲ့ ကာကွယ်ရေးစွမ်းအား လုပ်ဆောင်ရန် ဖြစ်ပါတယ်၊၊ ကျွန်တော်တို့အားလုံး ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ညီညွတ်တဲ့ အင်အားနဲ့နိုင်ငံတော်ကို ခေတ်မီပြီး စွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့နဲ့ နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်သွားပါမယ်၊၊
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်)