
နေပြည်တော် မတ် ၃၁
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းများကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ပထမနှစ် နေ့သင်တန်း နှင့် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ဧပြီ ၁ ရက်မှစပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website http://www.dhe.gov.mm တို့တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်