ပညာရေးဝန်ကြီးဌာန ပထမနှစ်၊ နေ့သင်တန်း၊ ဥပဒေအထူးပြုဘာသာရပ် တိုးချဲ့ဖွင့်လှစ်သော တက္ကသိုလ်များတွင် မေဂျာပြောင်းလျှောက်ထားနိုင်

 

 

၂၀၂၀  ပြည့်နှစ်၊     တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော   ကျောင်းသား   ကျောင်းသူများ အတွက် ဥပဒေအထူးပြုဘာသာရပ်၊    နေ့သင်တန်း    တိုးချဲ့ဖွင့်လှစ်သော   အောက်ဖော်ပြပါတက္ကသိုလ်    (၁၀) ကျောင်းတွင်    ဝိဇ္ဇာဘွဲ့(ဥပဒေပညာ)/B.A(Law)    သင်တန်းပို့ချမည်ဖြစ်ပြီး  အခြားအထူးပြု ဘာသာရပ် များမှ ဥပဒေအထူးပြုဘာသာရပ်သို့  အပြောင်း လျှောက်လွှာများကိုလည်း ၂၇-၅-၂၀၂၂ ရက်နေ့ မတိုင်မီ    အဆိုပါတက္ကသိုလ်များတွင်   တင်ပြ လျှောက်ထားပါက   သတ်မှတ်ချက်နှင့်   ကိုက်ညီ လျှင်     လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်-
     (၁)    မြိတ်တက္ကသိုလ်
     (၂)     ဟင်္သာတတက္ကသိုလ်
     (၃)    မအူပင်တက္ကသိုလ်
     (၄)    ဗန်းမော်တက္ကသိုလ်
     (၅)    ရွှေဘိုတက္ကသိုလ်
     (၆)    ကလေးတက္ကသိုလ်
     (၇)    လားရှိုးတက္ကသိုလ်
     (၈)    ပခုက္ကူတက္ကသိုလ်
     (၉)     မိတ္ထီလာတက္ကသိုလ်
    (၁၀)    ကျိုင်းတုံတက္ကသိုလ်