ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ  နေပြည်တော်ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး 


 

နေပြည်တော် စက်တင်ဘာ ၆


ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ  ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊  ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်  အမှတ်(၂)အခြေခံပညာ      အထက်တန်း ကျောင်းသို့       သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊   ကျောင်း အကျိုးတော်ဆောင်များ၊  ကျောင်း သားမိဘများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများပြန်လည် ဖွင့်လှစ်သည့်အခါ    အေးချမ်းစွာ ပညာသင်ကြား    သင်ယူနိုင်ရေး အတွက်  စီစဉ်ဆောင်ရွက်ထားမှု များကို     လှည့်လည်ကြည့်ရှု စစ်ဆေးသည်။  
အရည်အသွေးမြှင့်တင်
ထိုသို့   ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက  ရူပဗေဒ၊ ဇီဝဗေဒ၊  ဓာတုဗေဒ  လက်တွေ့ ခန်းသုံး ပစ္စည်းများကို  စနစ်တကျ အကျိုးရှိ ထိရောက်စွာ အသုံးပြု ရန်  လိုပါကြောင်း၊    အသုံးပြုမှု ကြောင့် ပျက်စီးမှုများကို ပြန်လည် ဖြည့်ဆည်းပေးသွား   မည်ဖြစ်ပါ ကြောင်း၊ ဆရာဆရာမများ အနေ ဖြင့် ရုံးပိတ်ရက်ရှည်ခံစားနေသည့် ကာလအတွင်း    မိမိသင်ကြားရ သည့်    ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်းနှင့်   သက်ဆိုင် သော  ဘာသာရပ်များကို  အရည် အသွေးမြှင့်တင်ရန်     စဉ်ဆက် မပြတ်      လေ့လာနေရန်လိုပါ ကြောင်း   မှာကြားသည်။ 
ထို့ပြင်  ပြည်ထောင်စုဝန်ကြီး က သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်း များ     ဖြည့်ဆည်းပေးနိုင်ရေး၊ ကွန်ပျူတာများ         ဖြည့်ဆည်း ပေးရေး၊       စာကြည့်တိုက်သုံး စာအုပ်၊ ပရိဘောဂများ ဖြည့်ဆည်း ပေးရေးနှင့်     ကျောင်းရှိမြေနှင့် ကိုက်ညီသည့်      အားကစားရုံ၊ အားကစားကွင်း၊   ဘောလုံးကွင်း၊ ပြေးလမ်း        ပတ်လမ်းများနှင့် လိုအပ်သည်များ      ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး  တာဝန်ရှိ သူများကို မှာကြားသည်၊၊
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်  ဇေယျာသီရိမြို့နယ် ပြည်စံအောင်     အခြေခံပညာ အထက်တန်းကျောင်း၊   ပုဗ္ဗသီရိ မြို့နယ်  အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွား ရောက်၍ ကျောင်းဆောင်အတွင်း လှည့်လည်   ကြည့်ရှုစစ်ဆေး၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာများ     ပိုမိုကောင်းမွန်ရေး တို့ကို   လမ်းညွှန်မှာကြားကာ   လိုအပ်ချက်များ   ဖြည့်ဆည်းပေး နိုင်ရေး     ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်