ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ     ၂၅


ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာ ဦးစီးဌာန    ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး        ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲအား   နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ တို့တွင်    ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး စတုတ္ထနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစား နည်းများအလိုက်  သတ်မှတ်ထားသော နေရာများတွင် ယှဉ်ပြိုင်ကစားကြသည်။
ပညာရေးဒီဂရီ      ကောလိပ်ပေါင်းစုံ အမျိုးသား      ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ကို    ယနေ့နံနက်ပိုင်းတွင်    ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C)ရုံ၌  ယှဉ်ပြိုင်ကစား ကြရာ   ပညာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီးများဖြစ်ကြသည့်     ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အဆင့် မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာ ဦးစီး ဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးကျော်စွာ သွင်၊       ဆရာအတတ်ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်       ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာ  ရေး   ဒီဂရီကောလိပ်   ကျောင်းအုပ်ကြီး များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ပညာ ရေးဒီဂရီကောလိပ်အသင်းများ၊ အုပ်ချုပ် သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်း သူများ   လာရောက်ကြည့်ရှုအားပေးကြ သည်။  ပိုက်ကျော်ခြင်းပြိုင်ပွဲ အပြီးတွင် မန္တလေးဇုန်(ခ)အသင်းက ပထမ၊ ရန်ကုန် ဇုန်(ခ) က   ဒုတိယ၊    မန္တလေးဇုန် (က) အသင်းက တတိယ၊ ရန်ကုန်ဇုန်(က)  အသင်းက နှစ်သိမ့်ဆုများ ရရှိကြသည်။ 
ပြိုင်ပွဲများအပြီးတွင်    ဆုရရှိကြသူ များအား  ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသည့်     ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အဆင့် မြင့်ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်  တို့က  ဆုများနှင့်   ပိုက်ကျော်ခြင်းတံခွန် စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးကြသည်။
 ယနေ့နံနက်   ၇ နာရီမှ  စတင်၍  ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသားမီတာ ၁၀၀  အပြေးပြိုင်ပွဲ၊    အမျိုးသမီးမီတာ   ၁၀၀ အပြေးပြိုင်ပွဲ၊    အမျိုးသားမီတာ  ၁၅၀၀ အပြေးပြိုင်ပွဲ၊   အမျိုးသမီးမီတာ   ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ  ပွဲစဉ်များကို ကျင်းပကြရာ   အမျိုးသား   မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင်        မောင်ချစ်မိုးဟိန်း (ဘားအံ)က ပထမ၊ မောင်ပြည့်စုံအောင် (ဘိုကလေး)က ဒုတိယ၊ မောင်မင်းထက် အောင် (စစ်ကိုင်း)က     တတိယရရှိကြ သည်။   အမျိုးသမီး   မီတာ ၁၀၀ အပြေး ပြိုင်ပွဲတွင် မစုပြည့်ပြည့်ဦး(ထားဝယ်)က  ပထမ၊    မဆုနံ့သာအောင်(ဘားအံ)က ဒုတိယ၊ မအိရွှေစင်ထက်(စစ်ကိုင်း)က တတိယရရှိကြပြီး    အမျိုးသား   မီတာ ၁၅၀၀  အပြေးပြိုင်ပွဲတွင် မောင်ရင်ကိုဦး (သင်္ဃန်းကျွန်း)က  ပထမ၊ စိုင်းသီဟစိုး  (ဘားအံ)က   ဒုတိယ၊   မောင်ဝိုင်းထက် ကျော်နိုင်(လှည်းကူး)က တတိယရရှိကြ ပြီး အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ တွင် မသဇင်စိုးစံ(ထားဝယ်)က ပထမ၊ မနန်းစုထွေး(စစ်ကိုင်း)က        ဒုတိယ၊ မထက်ထက်ဝင်း(ဘားအံ)က   တတိယ ရရှိကြသည်။ 
အမျိုးသား      သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး(ဘားအံ)က   ပထမ၊ မောင်မျိုးမြတ်သူ (ဘိုကလေး)က ဒုတိယ၊  မောင်ဇင်သူအောင် (မကွေး) က တတိယ ရရှိကြပြီး   အမျိုးသမီး   သံပြားပစ်ပြိုင်ပွဲ တွင်   မသီသီဟန်(မကွေး)က   ပထမ၊ မဇူးဇူးအောင်(ဘိုကလေး)က    ဒုတိယ၊ မဝသုန်ဦး(ဘားအံ)က တတိယဆုများကို ရရှိကြပြီး ဆုရရှိကြသူများအား ပညာရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီးများဖြစ်ကြ သော   ဒေါက်တာဇော်မြင့်၊   ဒေါက်တာ မိုးဇော်ထွန်း၊  အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊   အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်    ဦးကျော်စွာသွင်တို့က   ဆုများကို ချီးမြှင့်ပေးကြသည်။
မွန်းလွဲ   ၃ နာရီတွင်   ဝဏ္ဏသိဒ္ဓိ  အား ကစားကွင်းရှိ  လေ့ကျင့်ရေးကွင်း အမှတ် (၃)၌    ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲစဉ်ကို    ရန်ကုန်ဇုန်(က)အသင်းနှင့် ရန်ကုန်ဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ရန်ကုန်ဇုန်(က)အသင်းက ရန်ကုန် ဇုန် (ခ)အသင်းကို ငါးဂိုး - နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်