ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

မန္တလေး  နိုဝင်ဘာ  ၁၇
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို    ယနေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်        အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးအောင်၊   တိုင်းဒေသကြီး  တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊   ဆရာအတတ်ပညာ    ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  ပါမောက္ခ ချုပ်များ၊  ပညာရေးဒီဂရီကောလိပ်  အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ အားကစားအဖွဲ့ခေါင်းဆောင် များ၊ အုပ်ချုပ်သူနည်းပြများ၊ ကျောင်းသားကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် မန္တလေးပညာရေး ဒီဂရီကောလိပ်အသင်းနှင့်   မုံရွာပညာရေးဒီဂရီ ကောလိပ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား နေမှုများကို   ကြည့်ရှုအားပေးကြပြီး  ပြိုင်ပွဲတွင် အနိုင်အရှုံးမပေါ်သဖြင့်    ပယ်နယ်တီအဆုံးအဖြတ် ဖြင့်  ယှဉ်ပြိုင်ခဲ့ရာ  မုံရွာပညာရေးဒီဂရီကောလိပ် အသင်းက   လေးဂိုး - သုံးဂိုးဖြင့်   အနိုင်ရဗိုလ်စွဲ ခဲ့သည်။
ယင်းနောက်     ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ    အောင်မြေသာစံခရိုင်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆရာအတတ်ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊     တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊      တိုင်းဒေသကြီးဝန်ကြီးများ၊    တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် တို့က  ဘောလုံးပြိုင်ပွဲ၊  ဘော်လီဘောပြိုင်ပွဲ၊  ပိုက် ကျော်ခြင်းပြိုင်ပွဲတို့တွင်  ပထမဆု၊  ဒုတိယဆုနှင့် တတိယဆုရရှိသည့်  အသင်းများနှင့်   အကောင်းဆုံး အားကစားသမားဆုရ      အားကစားသမားများကို ဆုတံဆိပ်များနှင့် ငွေသားဆုများကို လည်းကောင်း၊      တိုင်းဒေသကြီးဝန်ကြီးချုပ်က     ဘောလုံးပြိုင်ပွဲ ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင်   ပထမဆုရရှိသော   အသင်းတို့အား  ပထမတံခွန်စိုက်ဆုဖလားနှင့်    ငွေသားဆုများကို လည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်