
နေပြည်တော် ဇန်နဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာနက ဖွင့်လှစ်သော ရုံးစာရေးနည်း သင်တန်း အမှတ်စဉ်(၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခု သင်တန်းသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ အရာထမ်း ၆၉ ဦးကို ရုံးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အတွက် အွန်လိုင်းသင်တန်း ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်း သည် တစ်ဦးတစ်ယောက်တည်းဖြင့် ဆောင်ရွက်၍မရဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အများနှင့်ပူးပေါင်း ဆောင်ရွက်ကြရပြီး ဦးစီးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာနများ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ ရပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်နှင့် ပူးပေါင်းဆောင်ရွက်လျှင် ရုံးလုပ်ငန်း များ အောင်မြင်ပါကြောင်း၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံး တို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်သည့် စွမ်းရည်များနှင့် ပူးပေါင်းတာဝန်ယူ တာဝန်ခံ၍ ဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်း များ စဉ်ဆက်မပြတ် ကောင်းမွန် နေစေရေးတို့အတွက် လုပ်ငန်းခွင်ကြို သင်တန်းများ၊ လုပ်ငန်းခွင်စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများကို တာဝန်ရှိသူများကလည်း ပူးပေါင်း စီစဉ် ဆောင်ရွက်ပေးရန် အရေးကြီးပါ ကြောင်း၊ ယနေ့ ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် တစ်သက်တာ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သင်ယူနိုင်ရေးအတွက်လည်း ရုံးသုံး မြန်မာစာ အရေး၊ အဖတ် အတွက် သာမက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု၊ IT နည်းပညာများ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများ၊ ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အခြေခံကျွမ်းကျင်မှုများ တတ်မြောက် ထားရန် အရေးကြီးပါကြောင်း။
ဆောင်ရွက်နိုင်မည်ဖြစ်
ထို့ကြောင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနေရသည့် ကာလအတွင်း၌ လည်း ရပ်နားထားရသည့် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း များဖြစ်သည့် အင်္ဂလိပ်ဘာသာစကား သင်တန်း၊ ရုံးသုံးကွန်ပျူတာသင်တန်း စသည်တို့ကို အွန်လိုင်းစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်နေပါ ကြောင်း၊ ဝန်ထမ်းများအားလုံး အနေ ဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန် နှင့်ဝတ္တရားများကို ရိုးရိုးသားသား၊ တည်တည်ငြိမ်ငြိမ်၊ ကြိုးကြိုးစားစား ဖြင့် တစ်သက်တာ နက်နက်နဲနဲ သင်ယူတတ်မြောက်၍ ပူးပေါင်း တာဝန်ယူလျက် တာဝန်ကျေပွန်စွာ ကျွမ်းကျွမ်းကျင်ကျင် ဆန်းသစ်တီထွင် ဆောင်ရွက်ပါက ရုံးလုပ်ငန်းများကို အရည်အသွေး ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်း ဝန်/ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် သင်တန်းသား သင်တန်းသူများဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များ၊ လက်ထောက်ညွှန်ကြားရေးမှူး များ၊ ဦးစီးအရာရှိများ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ကြသည်။
အွန်လိုင်းစနစ်ဖြင့်ဖွင့်လှစ်မည်
ဝန်ထမ်းများ၏ ရုံးလုပ်ငန်း စွမ်းရည်မြှင့်တင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနက သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ ရုံးစာရေးနည်း သင်တန်း (၅) ကြိမ်တွင် ဝန်ထမ်း ၂၁၀၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (၅) ကြိမ်တွင် ၇၉၈ ဦးနှင့် ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာအခြေခံ ကျွမ်းကျင် သင်တန်း (၆) ကြိမ်တွင် ၂၇၅ ဦး တက်ရောက်ခဲ့ပြီး ယနေ့ဖွင့်လှစ်သော ရုံးစာရေးနည်းသင်တန်း အမှတ်စဉ် (၆) သို့ သင်တန်းသား ၆၉ ဦး တက်ရောက်ကြကာ ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ အွန်လိုင်းစနစ် ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်