ပညာရေးဝန်ကြီးဌာန “၂၀၂၂ -၂၀၂၃ ပညာသင်နှစ်” မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်

 

v     မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
v     ငွေကြေး  သို့မဟုတ်  လက်ဆောင်ပစ္စည်းများကို  ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုပါရန်။
v     ကျောင်းသား၊   ကျောင်းသူများ   ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊   အိမ်စာများကို   နေ့စဉ်   လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။
v     ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။ 
v     ကျောင်းထွက်သူ   လုံးဝမရှိစေရေးနှင့်   အလယ်တန်း၊   အထက်တန်းအဆင့်များသို့   အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးပါရန်။
v     မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ 
v     ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ကျောင်းအုပ်၊  ဆရာ၊  ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ 
v     ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ 
v     ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v     ကျောင်းသား၊  ကျောင်းသူများ  ပါးစပ်နှင့်  နှာခေါင်းစည်း(Mask)ကို   ညွှန်ကြားချက်များအတိုင်း စနစ်တကျ တပ်ဆင်တတ်ရန်၊ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် (၂၀)ကြာအောင် စနစ်တကျ  မကြာခဏ ဆေးကြောတတ်ရန် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ 
v     ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v     ကိုဗစ်-၁၉  ရောဂါ   ကာကွယ်တားဆီးရေးအတွက်   ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား    လိုက်နာဆောင်ရွက်ရန်နှင့်     ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေပြည့်မီအောင် ထိုးနှံကြပါရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်။ 
v     မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန်။ 
v     ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊  ရုံးအမှတ် ၁၃၊  နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။