ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (တီတီစီ) တွင်သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး ဟောပြောပွဲကျင်းပ

 

ရန်ကုန်‌   မတ်    ၃


ပညာရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့   ပူးပေါင်းကျင်းပသော  သတင်းမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ၃-၃-၂၀၂၂ ရက်  နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ) တွင် ကျင်းပခဲ့သည်။

 


အဆိုပါ       အသိပညာပေး ဆွေးနွေးပွဲသို့      မြန်မာနိုင်ငံ  သတင်း မီဒီယာကောင်စီ     ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁)     ဦးမျိုးထွန်း (မောင်စိမ်းနောင်     လယ်ဝေး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ (ပြည့်အောင်) နှင့် တွဲဖက်အတွင်း ရေးမှူး (၂) ဦးသက်နိုင်ဦးတို့က တက်ရောက်ဆွေးနွေး ဟောပြော ခဲ့ကြရာတွင်     ကျောင်းသား ကျောင်းသူများအနေဖြင့် သတင်း များကို    အမှား/အမှန်      ခွဲခြား သုံးသပ်နိုင်စေရန် သာဓကများ၊ အချက်အလက်များ အပြည့်အစုံ ဖြင့်    ဆွေးနွေးခဲ့ကြပြီး    လူမှု ကွန်ရက်    စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများ ကို   နည်းပညာများ   အသုံးပြု၍ အမှန်အမှား     ခွဲခြားသုံးသပ်နိုင် မည့်       နည်းလမ်းများအပြင် ကျောင်းသားလူငယ်များ    အနေ ဖြင့်အမိနိုင်ငံတော်ကို ချစ်မြတ်နိုး ရေး၊  အကျင့်စာရိတ္တကောင်းမွန် ရေး၊  စာပေဖတ်ရှုလေ့လာမှုပြုကြ  ရေး၊ မိဘဆရာသမားတို့၏ကွပ်ကဲ မှု  အနည်းဆုံးဖြင့် အောင်မြင်မှု များ ရရှိအောင် ကြိုးပမ်းဆောင် ရွက်သွားရမည့် အကြောင်းများ ကိုလည်း     ထည့်သွင်းဆွေးနွေး ဟောပြောခဲ့သည်။

 


ဆက်လက်ပြီး   မြန်မာနိုင်ငံ သတင်းမီဒီယာ    သမိုင်းစာအုပ် များနှင့်    အခြားသိမှတ်ဖွယ်ရာ စာအုပ်များကို ဥက္ကဋ္ဌ ဦးအုန်းမောင်  (မြင်းမူမောင်နိုင်မိုး) က ပညာရေး   တက္ကသိုလ်        လေ့ကျင့်ရေး ကျောင်း (တီတီစီ) က ကျောင်းအုပ် ဆရာမကြီးထံသို့ အမှတ်တရ လက်ဆောင်     ပေးအပ်ပြီးနောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

 


အဆိုပါ     အသိပညာပေး ဆွေးနွေးပွဲ         အခမ်းအနားသို့ ကျောင်းသား  ကျောင်းသူ   စုစု ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ        သတင်းမီဒီယာ ကောင်စီအနေဖြင့် သတင်း အမှန်  အမှား   ခွဲခြားသုံးသပ်နိုင်စေရေး    ဟောပြောပွဲများကို   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များပေါ်မူတည်၍   အခြေခံ   ပညာကျောင်းများတွင်      ဆက် လက်   ပြုလုပ်သွားရန်စီစဉ်ထား ကြောင်း သိရသည်။


သတင်းစဉ်