
မော်လမြိုင် မတ် ၅
မွန်ပြည်နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေး၊ အရည်အချင်းပြည့်၀သော ကျောင်းသား ကျောင်သူများ ပေါ်ထွန်းလာစေရေးအတွက် မတ် ၄ နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက သင်တန်းသား သင်တန်းသူများ အနေဖြင့် အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည် မြင့်မားသော ဆရာ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ပညာခေတ် တွင် ဆရာ ဆရာမများသည် နောင်မျိုးဆက်သစ်များ ကို နိုးကြားတက်ကြွစွာ ဦးဆောင်ရမည့် အခန်းကဏ္ဍ တွင် ပါဝင်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ယူမှုမဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် အသိပညာ တိုးပွားဖို့သင်ယူစို့၊ လုပ်ကိုင်တတ်ဖို့သင်ယူရန်၊ အစွမ်း ကုန် ဖွံ့ဖြိုးဖို့ သင်ယူရန်၊ ကမ္ဘာသားအဖြစ်နှင့်အတူနေဖို့ သင်ယူရန် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း နှင့် ပြောင်းလဲလာသည့် ပညာရေးစနစ်အရ သင်ယူ ခြင်းအတွက် သင်ယူခြင်း (Learn To Learn)သည် အကြောင်းအရာကို လေးနက်စွာ ဆန်းစစ်ပြီး လက်တွေ့နှင့် ဆက်စပ်သင်ယူခြင်း (Deep Lear-ning) စနစ် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများသည် ၁၀ မြို့နယ်ကိုယ်စားပြု သင်တန်း သား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် များ ပေးအပ်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ၊ ပညာရေးကဏ္ဍသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများ ကိုယ်ပိုင် စွမ်းရည်ကို အပြည့်အဝအသုံးချပြီး စဉ်ဆက်မပြတ် သင်ယူလိုစိတ်ဖြင့် လေ့လာသင်ယူသည့် စနစ်ကောင်း များ တည်ဆောက်ပေးရမည်ဖြစ်ကြောင်း မှာကြား သည်။
အဆိုပါ သင်တန်းကို မွန်ပြည်နယ်အတွင်းမှ သင်တန်းသား သင်တန်းသူ ၃၆၂ ဦး တက်ရောက်ပြီး သင်တန်းကာလ နှစ်လနှင့် ရက် ၂၀ သင်ကြားပို့ချပေး ခဲ့ကြောင်း သိရသည်။
မြင့်မြတ်သီတာ(ပြန်/ဆက်)