
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန် လိုအပ်သဖြင့် ပညာတတ်များ ပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာ ဘွဲ့ရရှိသည်ကို တွေ့ရှိရ သဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည်ကို တွေ့ရှိရကြောင်း၊ အလားတူ လူဦးရေ ၁၈ သန်း ကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမှာ အရေးကြီးသည့်အတွက် မိမိတာဝန်ယူချိန် ကာလအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁-၂၀၂၂ ရက်နေ့တွင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)