ပညာပေးမှုများ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့များတွင် စည်းကမ်းလိုက်နာမှုများရှိပြီး နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်း နေသည့်အတွက်  မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနများ၊ အသံလွှင့်ဌာနများမှ တိုင်းရင်းသားဘာသာများဖြင့်ပါ   ပညာပေးမှုများ  စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း များပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး တိုက်တွန်းဆောင်ရွက်နေရန်လိုကြောင်း၊ ကာလကြာမြင့် လာချိန်တွင် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆဖြင့် သွားလာဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊ အချို့ ပြည်သူများအနေဖြင့် Mask များ တပ်ဆင်မှုမရှိဘဲ သွားလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၆-၉-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)