ပန်နဆိုးနစ်နှင့် ယာမဟာဆိုင်ကယ် ရုရှားနိုင်ငံသို့တင်ပို့ခြင်းကို ရပ်နားထားမည်

တိုကျို ဖေဖော်ဝါရီ ၅ ပန်နဆိုးနစ်နှင့် ယာမဟာမော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးကုမ္ပဏီတို့သည် ၎င်းတို့၏ ထုတ်ကုန်များကို ရုရှားသို့တင်ပို့ခြင်းကို ရပ်နားထားမည်ဟု သိရသည်။ ယူကရိန်း နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများမှတစ်ဆင့် ထောက်ပံ့ပေးပို့မှု ဆိုင်ရာတွင် စိန်ခေါ်မှုများရှိလာသည့်အတွက် ရုရှားသို့တင်ပို့မှုကိုရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ အီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်သည့် ပန်နဆိုးနစ်သည်လည်း ၎င်းတို့၏ ပြည်တွင်းနှင့် ပြည်ပထုတ်ကုန်များ တင်ပို့မှုကို ယခုလအတွင်း ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့သည်။ ဧပြီလတွင် အခြေအနေများကို ပြန်လည်သုံးသပ်သွားမည်ဟု ဖော်ပြ ထားသည်။ ရုရှား၏စစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ယူကရိန်းပြည်သူများ အတွက် အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ ကို လှူဒါန်းပြီးဖြစ်ကြောင်းလည်း ပန်နဆိုးနစ် ကုမ္ပဏီက ပြောသည်။ ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် ပြဿနာများ ဖြစ်လာနိုင် သည့်အတွက် ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုကို ရပ်နားသွားမည်ဟု ယာမဟာ မော်တာက ပြောသည်။ အင်န်အိတ်ချ်ကေ