
စစ်တွေ ဇွန် ၇
စစ်တွေမြို့၌ ရောက်ရှိနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှုပြီး မိုးစပါးစံပြစိုက်ကွက် သရုပ်ပြ ထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ရှိ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ နှင့် တွေ့ဆုံ၍ မိမိတို့ သင်ကြားရ သည့် ဘာသာရပ်များကို ကျွမ်းကျင် စွာ တတ်မြောက်အောင် ကြိုးစား သင်ယူကြစေ လိုကြောင်း၊ သင်တန်းပြီးဆုံး၍ ပြည်သူလူထု အား ကျန်းမာရေးဝန်ဆောင်မှုပေး ရာတွင်လည်း ဝါသနာ၊ စေတနာ အရင်းခံပြီး ကြင်ကြင်နာနာ ကုသ ပေးကြစေလိုကြောင်း၊ နိုင်ငံတော် ၏ ပြည်သူ့ကျန်းမာရေး ဝန်ဆောင် မှု လုပ်ငန်းများတွင် အားကိုး အားထားပြုရသည့်သူများ ဖြစ် အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း မှာကြားသည်။
ချီးမြှင့်ငွေများ ပေးအပ်
ထို့နောက် စာသင်ဆောင်၊ ထမင်းစားဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှု စစ်ဆေးကာ သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့် ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ သည် စစ်တွေမြို့နယ် ပျားလည် ချောင်းကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံပြစိုက်ကွက် သရုပ်ပြ ထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့က အမှာစကား ပြောကြားကြ ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် က မိုးစပါးစံပြစိုက်ကွက် သရုပ်ပြ ထွန်ယက်ခြင်း၊ စပါးမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးများက ပျားလည် ချောင်းကျေးရွာ တောင်သူလယ် သမားများအတွက် စိုက်ပျိုး ရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ် စပါးမျိုးစေ့နှင့် GW-11 စပါးမျိုးစေ့ အိတ်များကို ထောက်ပံ့ပေးအပ် ပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် တက်ရောက် လာသူများက ပျားလည်ချောင်း ကျေးရွာ မိုးစပါးစံပြစိုက်ကွက် များတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ပေးပို့ထားသည့် နယူးဟော်လန် ထွန်စက်များဖြင့် သရုပ်ပြ ထွန် ယက်နေမှုကို ကြည့်ရှုအားပေး သည်။
တက်ရောက်
ထို့နောက် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ သည် စစ်တွေမြို့နယ် ရွာသစ်ကေ ကျေးရွာ၌ ကျင်းပသည့် မိုးစပါး စံပြစိုက်ကွက် သရုပ်ပြထွန်ယက် ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမှာစကားပြောကြားပြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိုးစပါးစံပြ စိုက်ကွက် သရုပ်ပြထွန်ယက် ခြင်း၊ စပါးမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဒုတိယဝန်ကြီးများက ရွာသစ်ကေကျေးရွာရှိ တောင်သူ လယ်သမားများအတွက် စိုက်ပျိုး ရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ် စပါးမျိုးစေ့၊ GW-11 စပါးမျိုးစေ့ အိတ်များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ် ပြီး ရွာသစ်ကေကျေးရွာ မိုးစပါး စံပြစိုက်ကွက်များတွင် နယူးဟော် လန် ထွန်စက်များဖြင့် သရုပ်ပြ ထွန်ယက်နေမှုကို ကြည့်ရှု အားပေးသည်။
အားသွန်ခွန်စိုက် ဆောင်ရွက်
အဆိုပါ အခမ်းအနားများတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင် က နိုင်ငံတော်အစိုးရအနေ ဖြင့် မုန်တိုင်းဒဏ်သင့် ရခိုင် ပြည်နယ်အတွင်း ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စိုက်ပျိုးရေးအပိုင်းတွင် ရာသီချိန်အမီ ထွန်ယက်စိုက်ပျိုး နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထွန်စက်များဖြင့် ကူညီထွန်ယက် ပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ ဖြန့်ဝေထောက်ပံ့ပေး ခြင်း၊ ရေငန်တားတာများ ပြုပြင် ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်းများကို အဓိက ဦးစားပေး ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့်လည်း ပန်းတိုင် အထွက်နှုန်း ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ သွင်းအားစု၊ နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးဆောင်ရွက် သွားကြရန်လိုကြောင်း၊ အားလုံး ပူးပေါင်းပါဝင်သည့် လက်လှမ်းမီ သီးနှံပုံစံ သုတေသနလုပ်ငန်းများ ကိုလည်း တစ်ပါတည်း ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ယခင်အခြေအနေထက် ပိုမို သာလွန်ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အနေဖြင့် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် တောင်သူလယ် သမားများ၏ လယ်ယာမြေများကို ကူညီထွန်ယက်ပေးရန် ဇွန် ၃ ရက် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှု လယ်ယာဦးစီးဌာနမှ ပေးပို့သည့် နယူးဟော်လန် ထွန်စက် ၃၃ စီး စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ ယခင်ထွန်စက် ၄၇ စီး ရှိပြီးဖြစ်သဖြင့် စုစုပေါင်း ထွန်စက်အစီး ၈၀ ဖြင့် ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ကူညီ ထွန်ယက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် လည်း ရခိုင်ပြည်နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါး ဧက ၁၀၀၀၀ စိုက်ပျိုးသွားမည် ဖြစ်သည်။
ကျောင်းများအားလုံး
ဖွင့်လှစ်နိုင်
ရခိုင်ပြည်နယ်အတွင်း ဇွန် ၁ ရက်က ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံမှု နှင့် ပညာသင်ကြားနေမှုအနေဖြင့် ဇွန် ၆ ရက်အထိ အထက်တန်း အဆင့်၌ ၃၁၂၆၇၆ ဦး၊ အလယ် တန်းအဆင့်၌ ၁၀၀၈၁၅ ဦးနှင့် မူလတန်းအဆင့်၌ ၅၁၇၁၉ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၄၆၅၂၁၀ ကျောင်းအပ်နှံသင်ကြား လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်