ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှု ကောင်းမွန်ရေးသည် အရေးကြီး

 

 

စစ်တွေ   ဇွန်   ၂၃
ရခိုင်ပြည်နယ်အတွင်း  မုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့်  ပျက်စီး ဆုံးရှုံးမှုများ  ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို   အနီးကပ် ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးလှမိုး သည်       ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေး       ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့် မြို့နယ်သမဝါယမ ဦးစီးဌာန၊ ရက်ကန်းနှင့် အသက် မွေးပညာ      သင်တန်းကျောင်း (စစ်တွေ)( အောက်ပုံ)၊ ပြည်နယ် ကျေးလက်လမ်း        ဖွံ့ဖြိုးရေးဦးစီး ဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး      ဦးစီးဌာနနှင့် ပြည်နယ်   အသေးစား   စက်မှု လက်မှုလုပ်ငန်း  ဦးစီးဌာနတို့သို့ သွားရောက်ပြီး     မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့်  ထိခိုက် ပျက်စီးမှုများ   ပြန်လည်ပြုပြင် ပြီးစီးမှု      အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ဝန်ထမ်းများ အား   ရင်းရင်းနှီးနှီး  တွေ့ဆုံ အားပေးစကား   ပြောကြားကာ တာဝန်ရှိသူများကို  လိုအပ်သည် များ မှာကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးနှင့် အဖွဲ့သည် စစ်တွေမြို့  ဘက်စုံသုံးဆိပ်ကမ်း သို့   သွားရောက်ပြီး  ပြည်တော် အေး-၄ သင်္ဘောပေါ်မှ  ပြန်လည် ထူထောင်ရေး  လုပ်ငန်းများတွင် အသုံးပြုမည့်    ပစ္စည်းများကို  လူအင်အား၊ စက်ယန္တရားအင်အား များ အသုံးပြု၍ လျင်လျင်မြန်မြန် ဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက် နေမှုများကို   ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များ မှာကြားကာ ကူညီကယ်ဆယ် ရေးအဖွဲ့များအား ကြည့်ရှုအားပေး ပြီး   ထောက်ပံ့ငွေများ   ပေးအပ် သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုး၊  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်       ဦးထိန်လင်း၊ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည်       ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ ၌   ကျင်းပသည့်  ရခိုင်ပြည်နယ် မိုခါမုန်တိုင်း    တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့်     ရခိုင်ပြည်နယ် အတွက်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ     ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲ  အခမ်းအနား သို့ တက်ရောက်သည်။ 
အခမ်းအနားတွင်  သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်   ဆရာ တော် ဘဒ္ဒန္တတေဇိန္ဒ က ပြည်နယ် ဝန်ကြီးချုပ်ထံ အလှူငွေကျပ် သိန်း  ၅၀ ကို    ပေးအပ်လှူဒါန်း သည်။ (အပေါ်ပုံ)
ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ပြည်နယ်ဝန်ကြီး ချုပ်   ဦးထိန်လင်းနှင့်   ဒုတိယ ဝန်ကြီးများသည်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌   ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင် ရေးဆိုင်ရာ      လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တက်ရောက် သည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေး လုပ်ငန်း များ   ဆောင်ရွက်နေကြရာတွင် မူလအခြေအနေထက်          ပိုမို ကောင်းမွန်အောင်     ဆောင်ရွက် ပြီးစီးမှုများနှင့်  အရှိန်အဟုန်ဖြင့်  ဆက်လက်    ဆောင်ရွက်နေကြ သည့် မြင်ကွင်းများကို  တွေ့မြင်ရ ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများ  ရုံး အဆောက်အဦများနှင့်   ဝန်ထမ်း အိမ်ရာများတွင်      အမိုးအကာ အောက်   ပြည့်စုံလုံလောက်စွာ အမြန်ရောက်ရှိပြီး   နိုင်ငံ့တာဝန် များ ကောင်းမွန်စွာ ထမ်းဆောင် နိုင်ရေးသည် အရေးကြီးကြောင်း နှင့် စစ်တွေမြို့ကို သန့်ရှင်းသာယာ လှပသည့် မြို့တစ်မြို့ဖြစ်အောင် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် သွားကြရမည်        ဖြစ်ကြောင်း ပြောကြားသည်။ (အောက်ပုံ)
ထို့နောက် လုပ်ငန်းကော်မတီ များအလိုက်  ပြန်လည်ထူထောင် ရေးဆိုင်ရာ     လုပ်ငန်းများနှင့် စပ်လျဉ်းသည့်       အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်         ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို       ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ၍      ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်း များ          ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ   ဆောင် ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏      ကြီးကြပ် ကွပ်ကဲမှု   ကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊   ထို့အတူ လုပ်ငန်းများ   အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ် ညှိနှိုင်းပြီး    စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်       ထိထိမိမိ  ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ 
ရခိုင်ပြည်နယ်အတွင်း  မိုခါ မုန်တိုင်း     တိုက်ခတ်မှုကြောင့် ဆက်သွယ်ရေး မိုဘိုင်းစခန်းများ ထိခိုက်ပျက်စီးခဲ့ရာ   ယနေ့အထိ မိုဘိုင်းစခန်းပေါင်း  ၁၂၂၇  ခုကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက် ရှိ  စက်မှုလယ်ယာဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း ဒဏ်သင့်ဒေသများမှ  တောင်သူ များ   အချိန်မီ   စိုက်ပျိုးနိုင်ရေး အတွက် ထွန်စက် အစီး ၈၀ ဖြင့် ထွန်ယက်ရေး    လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၂ ရက်အထိ မြေဧက ၁၉၀၉   ဧကကို ထွန်ယက်ဆောင်ရွက်ပြီး   ဖြစ် ကြောင်း သိရသည်။
သမဝါယမနှင့်   ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန  အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် ရခိုင်ပြည်နယ် အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၅၇၉ ရွာ၌ ရွေ့လျား  ရေသန့်စင်ကား၊  ဆိုလာ စွမ်းအင်သုံး   ရေသန့်စင်စက်နှင့်  Life Straw တို့ဖြင့် ရေဂါလန်ပေါင်း ၁၀၃၆၁၈၆ ဂါလန် ဖြန့်ဝေပေးနိုင် ခဲ့ကာ မုန်တိုင်းကြောင့် ဆားငန်ရေ ဝင်ရောက်ခဲ့သည့် မြေသားရေကန် ၂၃၃ ကန်မှ   ရေများ  စုပ်ထုတ် ဆောင်ရွက်လျက်ရှိရာ    ယနေ့ အထိ မြေသားရေကန်   ၂၃၀  ကို စုပ်ထုတ်ဆောင်ရွက်ပြီး    ဖြစ် ကြောင်း သိရသည်။ 
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့်          မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း   ၁၀   မြို့နယ်သို့ ဓာတ်အားပို့လွှတ်  ဖြန့်ဖြူးပေး ထားသည့်  ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့်    ဆက်စပ် ပစ္စည်းများ   ပျက်စီးဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်းအား    ဝန်ကြီးဌာန၏ 
အားသွန်ခွန်စိုက်  ကြိုးပမ်းဆောင် ရွက်မှုများကြောင့်       စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့်  ကျောက်တော်မြို့ များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။
ယနေ့ညပိုင်းတွင်  မြောက်ဦး မြို့ရှိ   ဓာတ်အားခွဲရုံမှတစ်ဆင့်  မြောက်ဦးမြို့ပေါ်  ရပ်ကွက်   ခုနစ်  ရပ်ကွက်နှင့်  ကျေးရွာ ၂၆ရွာကို လည်းကောင်း၊ မင်းပြားဓာတ်အား ခွဲရုံမှတစ်ဆင့် မင်းပြားမြို့ပေါ် ရှစ်  ရပ်ကွက်နှင့်   ကျေးရွာ  သုံးရွာ သို့လည်းကောင်း၊ မြေပုံ ဓာတ်အား ခွဲရုံမှတစ်ဆင့် မြေပုံမြို့ရှိ ရပ်ကွက် ကိုးခုနှင့် ကျေးရွာ ငါးရွာသို့ လည်း ကောင်း      လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီး  ဖြစ်ကြောင်း သိရသည်။                  သတင်းစဉ်