ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ ဦးစားပေးဆောင်ရွက် နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် မလိုအပ်သည့်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမျာ

နေပြည်တော်   ဇန်နဝါရီ   ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊         နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့   သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 


ရှင်းလင်းတင်ပြ


ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက  ဓာတ်အားပေးစက်ရုံဆိုင်ရာ အကျဉ်းချုပ်   အချက်အလက်များ၊    နှစ်အလိုက် ရဲရွာတမံ ရေသိုလှောင်မှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေ၊ ရဲရွာရေလှောင် တမံ    နှစ်အလိုက်     ရေဝင်ရောက်မှုအခြေအနေ၊ ရေလှောင်တမံရေအမြင့်အလိုက်     စက်တစ်လုံး ထုတ်လုပ်နိုင်မှုစွမ်းအား၊    ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ရာများ      ပြုပြင်ဆောင်ရွက်နေမှု အခြေအနေ၊ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်၊ ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ်အတွင်း  စက်အမှတ်(၄) အကြီးစားပြုပြင်ခြင်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ မြစ်ငယ်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် အရင်းအမြစ်များ ၏ လျှပ်စစ်စီမံကိန်းများ၏ အခြေအနေ၊ နမ္မတူ (သီပေါ)ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက် အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ အထက်ရဲရွာစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များ နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊  ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များ နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၂၂ ခုနှစ်အတွင်း ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှု    အခြေအနေနှင့်    နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု အခြေအနေ၊ ဓာတ်အား လိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ဝန်အားလျှော့ချရမည့် အခြေအနေ၊  ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေ၊ သဘာဝဓာတ်ငွေ့ ဖြင့် လက်ရှိဓာတ်အားထုတ်လုပ်နေမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက် ရသည့် စီမံကိန်းများဖြစ်ကြောင်း၊  အထက်ရဲရွာနှင့် အလယ်ရဲရွာ   ရေအားလျှပ်စစ်   စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်     ဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့   ဒီးဒုတ်  ရေအားလျှပ်စစ် စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ LNG ဓာတ်ငွေ့များ အသုံးပြု၍   လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ကုန်ကျစရိတ်ကြီးမြင့်ကြောင်း၊ ထို့ကြောင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့်    ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို   ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊   နေရောင်ခြည်စွမ်းအင်သုံး   လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းများ   ဆောင်ရွက်ရာတွင် လည်း    ပြည်ပကုမ္ပဏီများကိုသာမက   ပြည်တွင်း ကုမ္ပဏီများမှလည်း   ဆောင်ရွက်နိုင်ရေး  ဖိတ်ခေါ် ဆောင်ရွက်ရန်လိုကြောင်း။


 


“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်ရန်” ဟု   ယခင်က    သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း၊   လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းကို  အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း     ရေအား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်    ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေး အရ   အသုံးချပြီး  လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့မှု များရှိကြောင်း၊  နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး     စီမံကိန်းများ ဆောင်ရွက်ရာတွင်   ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကြာမြင့်စွာ တည်ဆောက်ရကြောင်း။


ရေအားလျှပ်စစ်စီမံကိန်းများ  အကောင်အထည် ဖော်ရာတွင်  ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးအား   တိကျစွာတွက်ချက်နိုင် သော်လည်း  ပြန်လည်ရရှိသော  အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင်  အတိုင်းအတာကြီးမား ကြောင်း၊ ယခု ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ  စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသောလျှပ်စစ် ယူနစ်များ၏     တန်ဖိုးကိုတွက်ချက်ပါက   စက်ရုံ တည်ဆောက်မှုကုန်ကျစရိတ်အား ပြန်လည်ရရှိပြီး ဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အတွက်  များစွာအထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  များစွာအထောက်အကူပြု သဖြင့် တန်ဖိုးဖြတ်၍မရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိ ကြောင်း၊   ရေအားလျှပ်စစ်ဓာတ်အား  ထုတ်လုပ်မှု စီမံကိန်းများ   အပြည့်အဝ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း၊ လက်ရှိဆောင်ရွက် နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများ ကိုလည်း လုပ်ငန်းများပြီးမြောက်အောင်မြင်စေရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန်လိုအပ်သကဲ့သို့  လျှပ်စစ်ဓာတ်အားသုံးစွဲရာ တွင်လည်း မလိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု များကို    လျှော့ချရန်လိုကြောင်း၊  စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက်  LED ကဲ့သို့သော မီးများ ပြောင်းလဲအသုံးပြုရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား များထုတ်လုပ်မှုပိုင်းတွင်  တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်လိုသကဲ့သို့ သုံးစွဲမှုအပိုင်းကိုလည်း တတ်နိုင်သမျှလျှော့ချရန်လိုကြောင်း မှာကြားသည်။


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်သည်  ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်    မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်နေမှု  အခြေအနေ များကို    ကြည့်ရှုစစ်ဆေးရာ   တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။  ထို့နောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရဲရွာရေလှောင်တမံပေါ်သို့သွားရောက်၍ ရေလှောင် တမံအတွင်း      ရေဝင်ရောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်