ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၃ ဒသမ ၄သန်းကျော် ကိုင်ဆောင်ကတ်ပြားထုတ်ပေးရန်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေ

 

နေပြည်တော်   အောက်တိုဘာ   ၂၆
နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏   နောက်ဆုံးလုပ်ငန်းစဉ်ကို    အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်    အဓိကကျ သည့် လုပ်ငန်းတစ်ရပ်မှာ မှန်ကန်သော မဲစာရင်းများ ပြုစုပြီး  မဲပေးပိုင်ခွင့်ရှိသူ   နိုင်ငံသားတိုင်း  လွတ်လပ် ပြီး  တရားမျှတစွာ   ဆန္ဒမဲပေးနိုင်ရေးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်က   ပြော ကြားသည်။
ယနေ့  ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ၌   ကျင်းပသည့်   ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး ညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင်    နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့်      ကတ်ပြားတစ်မျိုးမျိုး   ကိုင် ဆောင်မဲပေးနိုင်ရေးအတွက်   နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို     ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီး ဌာနအနေဖြင့်   နိုင်ငံအတွင်းရှိ    နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ်    ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးပွင့်စီမံချက်၊   သစ္စာစီမံချက်တို့ဖြင့်   နိုင်ငံသား ကတ်ပြား  ထုတ်ပေးခြင်းလုပ်ငန်းကို   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ရပ်ကွက်၊   ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊   ပန်းခင်းစီမံ ချက်ဖြင့် လူဦးရေ ၃ ဒသမ ၄ သန်းကျော် ကိုင်ဆောင် ကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး လုံခြုံ ရေးအခြေအနေအရ     မြို့နယ်အနည်းငယ်၌သာ လျာထားချက်ပြည့်မီအောင်     ဆောင်ရွက်ပေးရန် ကျန်ရှိကြောင်း။
ယခု    ထပ်မံ    အသက်ပြည့်လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကတ်ပြားရရှိရန် ကျန်ရှိမှုမရှိ စေရေး ရည်ရွယ်၍ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဌာနမှ    ယခုကဲ့သို့     ဆောင်ရွက်ပေးနေသကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက်လည်း   သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ၊   အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများနှင့်     ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏   ရပ်ကွက်/ကျေးရွာ    အုပ်ချုပ်ရေးမှူးရုံးများရှိ   လက်ရှိမြေပြင် လူဦးရေစာရင်းများကို မိမိတို့ဌာန မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေ  စာရင်းပုံစံ (၆၆/၆) များနှင့် တိုက်ဆိုင်ကာ မွေးဖွားမှုအတွက် အင်အားတိုးခြင်း၊ သေဆုံးမှုအတွက် အင်အားလျော့ခြင်း၊ ပြောင်းဝင်/ပြောင်းထွက်များ စာရင်းတိုက်ဆိုင်ခြင်းတို့ကို အဆင့် ဆင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှသာ မှန်ကန်သော လူဦးရေစာရင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိ တို့ ဌာနတွင်လည်း မြို့နယ်ရုံးအသီးသီးရှိ အိမ်ထောင် စုလူဦးရေစာရင်းများနှင့် နိုင်-၄ မှတ်တမ်းပါ အချက် အလက်များကို   Software  နည်းပညာအသုံးပြု၍ ကွန်ပျူတာများဖြင့်  ဖြည့်သွင်းကာ  ရုံးချုပ်   Server သို့ ပေးပို့သိမ်းဆည်းထားပြီး အချက်အလက်ကွဲလွဲမှု များ၊ အပိုကိုင်ဆောင်မှုများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်   ပတ်သက်၍   ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို     နည်းမျိုးစုံဖြင့် အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းတွင် ပါဝင်၍ မည်သည့်ကတ်ပြားမျှ မရှိသေးသူများအား ပန်းခင်းစီမံချက်  အဆင့်  (၂)  ဖြင့်   နိုင်ငံသားကတ် ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
အဆိုပါ   အစည်းအဝေးတွင်    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်-၄  ပါ အချက်အလက်များကို  Software  နည်းပညာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် လက်ရှိလူဦးရေစာရင်း တိကျမှန်ကန်ရေးအတွက်      မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှု၊  Software   နည်းပညာဖြင့် တိုက်ဆိုင်ကာ အတည်ပြုဆောင်ရွက်မှုနှင့် မဲစာရင်း မှန်ကန်ရေးအတွက်    ဌာနအချင်းချင်း     ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန   ရန်ကုန်တိုင်းဒေသကြီး   ဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေး အတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊   တိုင်းဒေသကြီး အစိုးရအဖွဲ့    အတွင်း‌ရေးမှူးနှင့်   တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်    အဖွဲ့ခွဲ     အရာရှိတို့က ပူးပေါင်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးကြသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများ က မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းမှ ရရှိလာသည့် အချက်အလက်များကို   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ ပြန်လည်ပေးပို့ဆောင်ရွက်နေမှု၊ ရုံးချုပ် Server    ရှိ  အချက်အလက်များနှင့်    တိုက်ဆိုင်၍ နိုင်ငံသားကတ်နံပါတ်  ဖြည့်သွင်းခြင်းနှင့်  နံပါတ် ထပ်နေမှုကို  ဖြေရှင်းဆောင်ရွက်နေမှုတို့ကို  လှည့် လည်ကြည့်ရှုပြီး လိုအပ်သည်များ   မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ (အပေါ်ဝဲပုံ)
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ သင်္ကန်းကျွန်းမြို့နယ် ဦးစီးမှူးရုံးသို့ လည်းကောင်း၊   မရမ်းကုန်းခရိုင်    ဦးစီးမှူးရုံးသို့ လည်းကောင်း    သွားရောက်၍     ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်းပြီး စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။      
ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် Time City ရှိ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး  အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ   တရုတ်နိုင်ငံ   သံအမတ်ကြီး၊ တရုတ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအား တွေ့ဆုံကာ မြန်မာနိုင်ငံသို့ ဗီဇာအမျိုးမျိုး ဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာ၊ နေခွင့်သက်တမ်း တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်      ပတ်သက်၍    ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်     လုပ်ငန်းအခြေအနေများကို    ရှင်းလင်းဆွေးနွေး     ပြောကြားခဲ့ကြောင်း    သိရ သည်။
သတင်းစဉ်