ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၆


ပြည်ထောင်စုနယ်မြေ  ဇေယျာ သီရိမြို့နယ်အတွင်း    ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ် သည့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို     ယမန်နေ့  နံနက် ၉ နာရီက   ဇေယျာသီရိမြို့နယ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) နဝဒေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထိန်ဝင်း၊ ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်း မှူးရုံး၊   စခန်းမှူး   ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တပ်မတော်အရာရှိ ကြီးများ၊   လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်း များ၊    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)   ကွပ်ကဲမှုအောက်ရှိ ရုံးဌာနအသီးသီးမှ    တပ်မတော် သားများနှင့်    မိသားစုဝင်များ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ အမျိုးသားမှတ်ပုံ တင်နှင့်      နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း က    ဝန်ကြီးဌာနအနေဖြင့်  နိုင်ငံ သားများအတွက်   အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ် ရေး ကတ်ပြား   ထုတ်ပေးခြင်း လုပ်ငန်းကို      ပန်းခင်းစီမံချက် ဖြင့်   ဆောင်ရွက်ပေးမှု၊  ယင်းသို့ ဆောင်ရွက်ရာတွင်လည်း    ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်    အညီ ဖြစ်စေရေးနှင့်      လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျှော့    ဆောင်ရွက်ပေးမှု၊ လုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးနှင့်     ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)     ကွပ်ကဲမှုအောက်ရှိ ရုံးဌာနများမှ တပ်မတော်သား များနှင့် မိသားစုဝင်များကိုပန်းခင်း စီမံချက်ဖြင့်  ကွင်းဆင်း  ဆောင် ရွက်ပေးမှုနှင့်       စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်သား များနှင့် မိသားစုဝင်များအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ညွှန်ကြားရေး မှူးချုပ်  ဦးထိန်ဝင်းနှင့်     တာဝန် ရှိသူများက      ပေးအပ်ကြရာ ကတ်ပြား  လျှောက်ထားကြသူများ နှင့် ကိုယ်စားလှယ်များက လက်ခံ ရယူကြသည်။ 

 


ယင်းနောက် ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် စခန်းမှူးရုံး စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အခမ်းအနားတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှု အောက်ရှိ    ရုံးဌာနအသီးသီးမှ တပ်မတော်သားများနှင့် မိသားစု ဝင်များအတွက် ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း  ၄၀၂ စောင်နှင့်     နိုင်ငံသားစိစစ် ရေး   ကတ်ပြား  ၁၃၆၄ ကတ်ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်