ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်းမှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

 

နေပြည်တော်  ဧပြီ  ၂၅  
လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနမှ  အကောင် အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့်  ပန်းခင်းစီမံချက်လုပ်ငန်းစဉ် နှင့် မဲစာရင်းမှန်ကန်စေရေး  ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ  ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊  ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသ များမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 
နည်းလမ်းများရှာကြံ၍  မဖြစ်မနေဆောင်ရွက်
ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက  ပန်းခင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း    လျာထားသတ်မှတ်ချက်    ပြည့်မီအောင် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည်နှင့်အညီ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုတွင် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီးနေပြီဖြစ်ပါ ကြောင်း၊ အချို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု   လျော့နည်းကျဆင်းနေပြီဖြစ်သော်လည်း   လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တချို့    ရှိနေသည့်အတွက်   တိုင်းလုံးကျွတ်ပြီးစီးရန် ကြန့်ကြာနေကြသည်ကို   တွေ့ရပါကြောင်း၊   မည်သည့်   အခက်အခဲ၊ အဟန့်အတားများရှိနေပါစေ သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ    လုပ်နိုင်သမျှသော  နည်းလမ်းများ  ရှာကြံ၍   မဖြစ်မနေ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ 
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မိမိတို့ဌာနအနေဖြင့်    ပန်းခင်းစီမံချက်   ဆောင်ရွက်မှုနှင့်အညီ နောင်ကျင်းပမည့်  ရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်စာရင်း  မှန်ကန်ရေး အတွက် မိမိတို့ဌာနအပါအဝင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  နည်းပညာဆိုင်ရာ  အဖွဲ့အစည်း များနှင့်   လုပ်အားပေးကူညီ   ဆောင်ရွက်ပေးသူများဖြင့်    ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့်   နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်  (နိုင်-၄) ရှိ  စာရင်းအချက်အလက် များအား    နည်းပညာအကူအညီ၊     စက်ကိရိယာပစ္စည်းအင်အား၊ လူအင်အားတို့ဖြင့် ကွန်ပျူတာအတွင်း ဖြည့်သွင်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကို    သတ်မှတ်ကာလအတွင်း   အောင်မြင်ပြီးစီးရေး အတွက်လည်း   ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း      ဆောင်ရွက်ကြရန်လိုကြောင်း၊   နိုင်ငံတော်၏  အနာဂတ်အတွက် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့်   မဲဆန္ဒရှင်စာရင်း  မှန်ကန်ရေးလုပ်ငန်းစဉ်များ    ဆောင်ရွက်ရာတွင်   တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  လက်ရှိအခြေအနေအရ  လုပ်ငန်းဆိုင်ရာကြုံတွေ့ နေရသည့်    အခက်အခဲများ၊   ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို   ပွင့်ပွင့်လင်းလင်း   ဆွေးနွေးတင်ပြကြရန်ဖြစ်ပါကြောင်း   ရှင်းလင်း ပြောကြားသည်။ 
လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက်တင်ပြ
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက  ပန်းခင်း စီမံချက်  လုပ်ငန်းဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ် ဌာနအဖွဲ့အစည်းများနှင့်  ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်-၄ မှတ်တမ်းများကို  ကွန်ပျူတာဖြင့်   ဖြည့်သွင်းဆောင်ရွက်နေမှု၊ နယ်မြေဒေသအလိုက်  ပြည်သူများကို နိုင်ငံသားကတ်ပါရှိခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ လုပ်ငန်း လိုအပ်ချက်များကို    ရှင်းလင်းဆွေးနွေးတင်ပြကြရာ  ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက်တင်ပြကြ သည်။ 
ယင်းနောက်   ဒုတိယဝန်ကြီးများက  တိုင်းဒေသကြီး/ပြည်နယ် အလိုက်  လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သုံးသပ် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်