
နေပြည်တော် မေ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင် သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှ တစ်ဆင့် Online စနစ်ဖြင့် ကျင်းပ သည်။ (ယာပုံ)
အစည်းအဝေးသို့ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ တာဝန်ရှိသူ များ၊ မြဝတီရုပ်မြင်သံကြားနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီ များမှ တာဝန်ရှိသူများ တက် ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က အမှာစကားပြောကြားရာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီ များအနေဖြင့် နိုင်ငံတော်တည်ငြိမ် ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင် သော ထုတ်လွှင့်မှုများ မပြုလုပ်မိ စေရန် ဂရုပြုဆောင်ရွက်ရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ၊ ဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ပါအချက်များ၊ မီဒီယာ ကျင့်ဝတ်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အပါအဝင် နိုင်ငံ နှင့် ပြည်သူအတွက် အကျိုးရှိမည့် သတင်းအချက်အလက်နှင့် အစီ အစဉ်များ ထည့်သွင်းထုတ်လွှင့် ရေး၊ သတင်းတု၊ သတင်းမှားများ ချေဖျက်နိုင်မည့် သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့် နိုင်ရေး၊ ဝန်ထမ်းများနှင့် စက်ပစ္စည်းများ လုံခြုံရေးဆိုင်ရာ များကို ဆွေးနွေးမှာကြား ပြီး တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဦးဆောင် ၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန် ရှိသူများ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လစဉ် ပြုလုပ်၍ ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်