ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူကျန်းမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့အင်တာနက်ညီလာခံ(ဝူကျန်းထိပ်သီးအစည်းအဝေး)တွင် အမှာစကားပြောကြား

 

ဝူကျန်း နိုဝင်ဘာ ၈


ပြန်ကြားရေး          ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်းသည်  ယနေ့နံနက်ပိုင်း တွင်    တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဝူကျန်းမြို့ convention center တွင်   ကျင်းပသည့်   ၂၀၂၃   ခုနှစ် ကမ္ဘာ့အင်တာနက်          ညီလာခံ  (ဝူကျန်းထိပ်သီးအစည်းအဝေး)  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး   မျက်နှာစုံညီ အစည်းအဝေး တွင်    အမှာစကား    ပြောကြား သည်။


အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်း အနားသို့  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတရှီကျင့်ဖျင်က video message ပေးပို့ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အတူ   ကမ္ဘာတစ်ဝန်း ရှိ   နိုင်ငံပေါင်း  ၁၀၀  ကျော်မှ ဝန်ကြီးအဆင့်         ပုဂ္ဂိုလ်များ၊ သံတမန်များ၊   သတင်းအချက် အလက်နှင့် နည်းပညာနယ်ပယ်မှ ပညာရှင်ပေါင်း   ၁၀၀၀   ကျော် တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲ      အခမ်းအနားအပြီး တွင် မျက်နှာစုံညီအစည်းအဝေး ကို             ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက  ယနေ့ ကျင်းပပြုလုပ်သည့်       ဝူကျန်း ထိပ်သီးအစည်းအဝေးကို “အားလုံး အတွက် အကျိုးရှိပြီး ခံနိုင်ရည်ရှိ သော   ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခု ဖန်တီးခြင်း- ဆိုက်ဘာဝန်းကျင် တွင် အတူတကွ မျှဝေခံစားသည့် လူမှုအသိုက်အဝန်း     တစ်ခု တည်ဆောက်ခြင်း”   ဆိုသည့် ဦးတည်ချက်ဖြင့်  ကျင်းပပြုလုပ် လျက်ရှိကြောင်း၊  ယင်းဦးတည် ချက်သည် ယနေ့ဆိုက်ဘာနည်း ပညာများ၏         တိုးတက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ နေရသည့်  ခေတ်သစ်ကမ္ဘာကြီး နှင့် ဆိုက်ဘာဝန်းကျင်တစ်ခုလုံး ကို          အတူတကွပူးပေါင်း လုပ်ဆောင်ကြရန်       မီးမောင်း ထိုးပြနေသည်ဟု   ထင်မြင်မိပါ ကြောင်း၊  ယခုညီလာခံကြီးကို ကျယ်ပြန့်သည့် အကြောင်းအရာစုံ နှင့် ဖိုရမ်ခွဲပေါင်း ၂၀ ကို  ကျင်းပ ပြုလုပ်သည့်အတွက် ဒစ်ဂျစ်တယ် ကမ္ဘာ တည်ဆောက်ရေးလုပ်ငန်း များအပေါ်          အတွေးအမြင်စုံ၊ ရှုထောင့်စုံမှ အကြံပြုဆွေးနွေးကြ ရင်း ကောင်းမွန်သည့်အဖြေများ  ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊   အားလုံးအတွက် အကျိုးရှိသော  ကြံ့ကြံ့ခံနိုင်စွမ်းရှိ သည့်   ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခု ဖန်တီးဖော်ဆောင်ရာတွင် အစိတ် အပိုင်းများစွာ   ဆက်စပ်ပါဝင်မည် ဖြစ်သကဲ့သို့  လူ့အဖွဲ့အစည်းများ ၏ ချမ်းသာသုခနှင့်တိုးတက်မှုများ ကို     ဖော်ဆောင်ရာတွင်လည်း       လိုအပ်ချက်များစွာ ကြုံတွေ့ရမည်        ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်ကမ္ဘာ သစ်ကို ဖန်တီးရယူရာတွင် ဆောင် ရွက်ရမည့် အခြေခံသဘောတရား များနှင့် မဟာဗျူဟာတချို့ကို  မိမိ အနေဖြင့်   ကောက်နုတ်ဆွေးနွေး တင်ပြလိုပါကြောင်း၊ အထူးသဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာကို        လူတိုင်း ဝင်ရောက်ခွင့်(Access) အာမခံနိုင် ရမည်ဖြစ်ပြီး  ဒစ်ဂျစ်တယ်သိနား လည်မှု (Digital  Literacy) ကို  တိုးမြှင့်ရေးနှင့်   မသန်စွမ်းသူများ အသုံးပြုနိုင်မည့်         နည်းပညာ များကိုလည်း ဖန်တီးပေးကြရမည် ဖြစ်ပါကြောင်း၊   ထို့ပြင်   ဒစ်ဂျစ် တယ်ကမ္ဘာမှာ        ပါဝင်လာမည့် လူတစ်ဦးချင်းစီတိုင်း   အတွက် ဒစ်ဂျစ်တယ်         ခြိမ်းခြောက်မှု (Digital Threats)များမှ အကာ အကွယ်ပေးနိုင်မည့်           ခိုင်မာ အားကောင်းသော ဆိုက်ဘာလုံခြုံ ရေး အစီအမံတွေကိုလည်း ဦးစား ပေးလုပ်ဆောင်ကြရမည်   ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာ တွင်   ဆိုက်ဘာတိုက်ခိုက်မှုများ၊ သဘာဝဘေး    အန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့်   ဒစ်ဂျစ်တယ် အခြေခံ  အဆောက်အအုံများကို လည်း   တည်ဆောက်ရမည်ဖြစ် ကြောင်း၊  ထို့ပြင်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေမည့်   နည်းပညာများနှင့် အသုံးအဆောင်   ပစ္စည်းများကို ဖန်တီးခြင်း၊ စွမ်းအင်ချွေတာသည့် Hardware များ တီထွင်ဖန်တီးခြင်း နှင့်    အီလက်ထရောနစ်စွန့်ပစ် ပစ္စည်း  e-waste  များကို  စနစ် တကျ            စွန့်ပစ်ရေးအတွက် တာဝန်ခံမှုရှိခြင်း စသည့်အချက် များကို  အားပေးမြှင့်တင်ပေးရန်လိုကြောင်း၊  အနာဂတ်ကို  အတူ တကွ မျှဝေခံစားကြရာမှာ မိမိတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု များအပြင်  အပြန်အလှန်  အသိ အမှတ်ပြုခြင်းနှင့်  လေးစားခြင်းတို့ ကိုလည်း တန်ဖိုးထားလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ တစ် နိုင်ငံ၏  သတင်းအချက်အလက် များ (Data) အကာအကွယ်ပေးရေး နှင့်  နယ်စပ်ဖြတ်ကျော်  သတင်း အချက်အလက်   စီးဆင်းမှုများ စနစ်တကျ     ရှိစေရေးအတွက် သတင်း  အချက်အလက်များကို တာဝန်ရှိစွာ        အသုံးပြုမှု responsible use of data များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့ ကျင်းပသည့်     ထိပ်သီးအစည်း အဝေးနှင့်      ဆက်စပ်ဖိုရမ်ခွဲများမှ တစ်ဆင့် မိမိတို့အားလုံး အတူတကွ မျှဝေခံစားကြမည့်   ဆိုက်ဘာ ဝန်းကျင်       အနာဂတ်အတွက် အခြေခံကောင်းများနှင့် ရှေ့ဆက်ရမည့်          လုပ်ငန်းစဉ်များကို အောင်မြင်စွာ ချမှတ်နိုင်လိမ့်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


ဝူကျန်းထိပ်သီး အစည်းအဝေး သည်  World  Internet Confere-nce (WIC)၏  (၁၀)  နှစ်မြောက် နှစ်ပတ်လည်        အစည်းအဝေး ဖြစ်ပြီး တရုတ်နိုင်ငံ ယန်ဇီမြစ်၏ တောင်ဘက်တွင်    တည်ရှိသော လှပသည့် ရှေးဟောင်းမြို့ ဝူကျန်းမြို့တွင် ၂၀၁၄ ခုနှစ်မှစ၍ ကျင်းပလေ့ရှိသည်။ ယခု  အစည်းအဝေးသို့   နိုင်ငံပေါင်း ၁၀၀  ကျော်မှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ကျော် တက်ရောက်လျက်ရှိပြီး ကမ္ဘာလုံး ဆိုင်ရာ       အင်တာနက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကြံဉာဏ်များ၊ အတွေ့အကြုံ များကို    မျှဝေဆွေးနွေးလျက်ရှိသည်။ 


သတင်းစဉ်