ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် 
အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

ရန်ကုန်  ဖေဖော်ဝါရီ   ၁၇


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည်  ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၁၅)   မိုးကောင်းလမ်းရှိ   မြန်မာ စီးပွားရေးကော်ပိုရေးရှင်း၊    သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ)   (MWD  Media Centre) ၌   ကျင်းပပြုလုပ်သည့်   ၂၀၂၃ ခုနှစ်အတွက်     မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့်     မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား     ဖြစ်မြောက်ရေး အတွက်   ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြ သည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့်   ဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်ချီးမြှင့်သည်။


ရှေးဦးစွာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု     ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်း video clip ကို ပြသသည်။


စုစုပေါင်း (၁၂)ဆု ချီးမြှင့်


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင်    ယနေ့အခမ်းအနား သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် အခမ်းအနားကြီး ဖြစ်မြောက်အောင်   ပါဝင်ကူညီပေးခဲ့ကြ သူများကို ဂုဏ်ပြုခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ အခမ်းအနားကြီးဖြစ်မြောက် အောင် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာ နိုင်ငံ    ရုပ်ရှင်အစည်းအရုံးမှ   တာဝန်ရှိ သူများပါဝင်သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၇ ခုကို ဖွဲ့စည်းဆောင် ရွက်ခဲ့ကြပါကြောင်း၊    ယခုလို   လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှာ ပါဝင်ကူညီပေးခဲ့ကြသည့် သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊     ထိုအခမ်း အနားကြီးတွင်    ရုပ်ရှင်တစ်သက်တာဆု (၃)ဆုနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၉)ဆု၊ စုစုပေါင်း (၁၂) ဆုကို  ချီးမြှင့်ခဲ့ပါကြောင်း၊ ထူးချွန်ဆုများကို ၂၀၂၃ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့သည့်     ရုပ်ရှင်ဇာတ်ကား ၃၅ ကားထဲမှ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက အကဲဖြတ်အမှတ်ပေးပုံစံများနှင့် အညီ ရွေးချယ်ခဲ့ကြပါကြောင်း။ 


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ယခင်နှစ်က စတင်ထည့်သွင်းခဲ့သည့် အစီ အစဉ်တစ်ခုဖြစ်သည့်      အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုကို      ယခုနှစ်တွင် လည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အခမ်းအနားကြီးကို တက်ရောက် ခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင် များနှင့်တကွ  တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊    နိုင်ငံတစ်ဝန်း၌      TV ဖန်သားပြင်ပေါ်မှ    ကြည့်ရှုနေကြသည့် သူများအားလုံးက       မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနားသည်      နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်ခဲ့သည်ဟု မှတ်ချက် ပြုကြသည်ကို   ကြားသိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။


မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းရန်


ထူးချွန်ဆုချီးမြှင့်ခြင်း ခံရသူများအနေ ဖြင့်လည်း ဂုဏ်ယူဝမ်းမြောက်နေသည်ကို တွေ့ရသည့်အတွက်   ဝမ်းသာပီတိဖြစ်ရပါ ကြောင်း၊ ယခုနှစ် ထူးချွန်ဆုရရှိသူများ ထဲမှာ   လူငယ်အနုပညာရှင်များ    ပါဝင် လာသည့်အတွက် မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းသစ်ရန် အားသစ်လောင်း သည့်အနေအထားမျိုး  တွေ့ရပါကြောင်း၊  မျိုးဆက်သစ်   အနုပညာရှင်လူငယ်များ အနေဖြင့်    အားကျပြီး     မြန်မာ့ရုပ်ရှင် လောကကြီး   ယခုထက်မက   တိုးတက် အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းပေးပါကြောင်း     ပြောကြား သည်။


ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်    ဦးစိုးသိန်းက ဂုဏ်ပြုဝမ်းမြောက်စကား     ပြောကြား သည်။
ယင်းနောက်      မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ    ဦးကြည်စိုးထွန်းက ကျေးဇူးတင်စကားပြောကြားပြီး   ၂၀၂၃ ခုနှစ်အတွက်     မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးဇော် မြင့်ဦးက ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ဂုဏ်ပြုဆုငွေများချီးမြှင့်


ယင်းနောက်   ၂၀၂၃  ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်   ထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားတွင်     ပါဝင်ပံ့ပိုးကူညီသူများအား အမှတ်တရဂုဏ်ပြု     လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး    ထူးချွန်ဆုရရှိသူများ ကို  ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ ထူးချွန် ဆုရရှိသူများကိုယ်စား ရုပ်ရှင်တစ်သက် တာဆုရှင်    အကယ်ဒမီဒေါ်နွဲ့နွဲ့စန်းက ကျေးဇူးတင်စကား ပြောကြားသည်။

သတင်းစဉ်