
နေပြည်တော် ဇူလိုင် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်း ကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က အမှာစကားပြောကြားရာတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်နှင့်အတူ ဌာန၏လုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများ တိုးတက်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း။
ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင် တွင် အသုံးချသွားရမည် ဖြစ်ကြောင်း၊ ထို့အတူ သင်တန်းတွင် သင်ကြားခဲ့ရသည့် အတွေ့အကြုံများကို မိမိကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည့်အပြင် မိမိ ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေး ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားခေါင်းဆောင်ထံ သင်တန်း ဆင်းလက်မှတ်များကို ပေးအပ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်း တာဝန်များ ထိရောက်အောင်မြင်စေရေး အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းစွမ်းဆောင် ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ အရာရှိစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၃/၂၀၂၂) ကို နှစ်ပတ်ကြာဖွင့်လှစ် သင်ကြားပေးပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက် ညွှန်ကြားရေးမှူး ၁၉ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်