
နေပြည်တော် ဇွန် ၆
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိ စွမ်းရည်မြှင့် သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပ သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာ၌ ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစွာဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အရာရှိ စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပေး လျက်ရှိကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်တာနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဝန်ထမ်းများ ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး အတွက် သင်တန်းပေါင်း ၂၂ ကြိမ် ဖွင့်လှစ်ပို့ချပေး နိုင်ခဲ့ကြောင်း။
အရာရှိ စွမ်းရည်မြှင့်သင်တန်းတွင် ပို့ချပေးသည့် ဘာသာရပ်များသာမက ပိုမိုသစ်လွင် ကောင်းမွန် သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာ သင်ယူ၍ မိမိတစ်ဦးတည်း သာမက မိမိဝန်ထမ်းများ ၏ တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်လာစေ ရန်နှင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်မှန်းချက် တာဝန်များကို ပေါက်မြောက်အောင်မြင်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရာရှိ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂)ကို နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လက်ထောက်ညွှန်ကြားရေးမှူး ၂၂ ဦး တက်ရောက်ကြောင်း သိရသည်။
အလားတူ ပျဉ်းမနား လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည့် e-Library Management System Software အသုံးပြုနည်း (၂/၂၀၂၂) သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာကြည့် တိုက်လုပ်ငန်း လုပ်ဆောင်နေကြသည့် ဝန်ထမ်း ၃၀ တက်ရောက်ကြကြောင်းနှင့် သင်တန်းကို ဇွန် ၆ ရက်မှ ၁၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ သတင်းစဉ်