ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ 

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄


ပြန်ကြားရေးဝန်ကြီးဌာန၏  မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့်  ပျော်ပွဲ ရွှင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ရုံးအမှတ်(၇) ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 


ထမနဲထိုးပြိုင်ပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့် ဇနီး    ဒေါ်ခင်ဆွေဝင်း၊    ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့်ဇနီး ဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန်နှင့်     ဇနီး၊ ဌာနဆိုင်ရာ  အကြီးအကဲများနှင့် ဝန်ထမ်းများ   တက်ရောက်ကြ သည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက အမှာစကား   ပြောကြားရာတွင် ထမနဲထိုးပြိုင်ပွဲကို     မြန်မာ့ရိုးရာ ယဉ်ကျေးမှု   အစဉ်အလာအရ လည်းကောင်း၊         တစ်ဦး တစ်ယောက်ကောင်း   မဟုတ်ဘဲ ပြိုင်ပွဲဝင်များ၏    အားထည့်မှု၊ စေတနာပါမှု၊   ကျွမ်းကျင်မှုနှင့် အားပေးကြသူများ၏ ဝန်းရံမှုဖြင့် လည်းကောင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊       ထမနဲပွဲသည် စုပေါင်းညီညာမှုအပြင် ဉာဏ်ရည် ဉာဏ်သွေး၊ ပူးပေါင်းဆောင်ရွက် မှု၊ အားပေးမှုများနှင့် ဆောင်ရွက် ရသည့်       အနှစ်သာရရှိသော ပွဲတစ်ခုဖြစ်ကြောင်း၊  ပြိုင်ပွဲဝင် များနှင့် အားပေးသူများအနေဖြင့်  အနိုင်အရှုံး       အဓိကမဟုတ်ဘဲ ပျော်ပျော်ပါးပါး   ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အထဖြင့် အတတ်နိုင်ဆုံး ညီညီညွတ်ညွတ် ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး၊       ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊        ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်း နှင့်      စာနယ်ဇင်းလုပ်ငန်းတို့မှ ပြိုင်ပွဲဝင်           အသင်းငါးသင်း၏  ယှဉ်ပြိုင်နေမှုများကို   ကြည့်ရှု အားပေးကြသည်။

 


ယင်းနောက်   နှစ်သိမ့်ဆုများ ရရှိကြသည့်    အသင်းများအား   တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ တတိယဆုရရှိ သည့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအသင်းကို  အမြဲတမ်း အတွင်းဝန်    ဦးမျိုးမြင့်မောင် ကလည်းကောင်း၊   ဒုတိယဆု ရရှိသည့်   ဝန်ကြီးရုံးအသင်းကို ဒုတိယဝန်ကြီး         ဦးရဲတင့်က လည်းကောင်း    ဆုများပေးအပ် ချီးမြှင့်သည်။

 


ထို့နောက်     ပထမဆုရရှိ သည့်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းက   ဆုပေးအပ်ချီးမြှင့် ပြီး   အားပေးမှုအကောင်းဆုံးဆု ရရှိသည့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအား    ပြည်ထောင်စု ဝန်ကြီးက    အထူးဆု   ပေးအပ် ချီးမြှင့်ခဲ့သည်။ 


သတင်းစဉ်