ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မတ်    ၁၁

 


ပြန်ကြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးရဲတင့်သည်   ယနေ့နံနက်ပိုင်းတွင်   မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို  ရောက်ရှိပြီး  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။  

 


ယင်းနောက်    နတ်မောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို ရောက် ရှိကာ     နိုင်ငံတော်ခွင့်ပြုငွေဖြင့် တည်ဆောက်ပြီး ဖွင့်လှစ်ဝန်ဆောင်  မှုပေးရန်   ပြင်ဆင်ဆောင်ရွက်နေ သည့်    လူထုအခြေပြုဗဟိုဌာနကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် မကွေးတိုင်းဒေသ ကြီး   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြား ရေးမှူး၊      ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့်  နတ်မောက် မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများ  အား တွေ့ဆုံ၍   လုပ်ငန်းဆိုင်ရာ များ       ဆွေးနွေးမှာကြားပြီး   တောင်တွင်းကြီးမြို့နယ် ပြန်ကြား ရေးနှင့်    ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို     ကြည့်ရှုစစ်ဆေး သည်။ (အောက်ဝဲပုံ)
ဆက်လက်၍ အောင်လံမြို့နယ် ရုံးသို့ရောက်ရှိပြီး  မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     ထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံတို့နှင့်     တွေ့ဆုံ သည်။

 


ဝန်ထမ်းများနှင့်   တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက   အတွေးအခေါ် အယူအဆ   မှန်မှန်ကန်ကန်ဖြင့် သစ္စာရှိရှိ         တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရေး၊     အဓိက တာဝန်များဖြစ်သည့်  ပြန်ကြား ပေးရန်၊        ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်တို့ကို  စေတနာ ပါပါဖြင့်       အောင်မြင်အောင် ဆောင်ရွက်ရေး၊    လူငယ်များ အသိပညာ     တိုးတက်ရေးနှင့် ဗလငါးတန်     ပြည့်ဝရေးကို သက်ဆိုင်ရာဌာနများ၊    မိဘ ပြည်သူများနှင့်         ပူးပေါင်း ဆောင်ရွက်ရေး၊  နွေရာသီရောက် ပြီဖြစ်၍   မီးဘေးအန္တရာယ်နှင့် အခြား    သဘာဝဘေးအန္တရာယ် များကြောင့်      ပျက်စီးဆုံးရှုံးမှု မရှိစေရေး      ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်     တို့ကို မှာကြားခဲ့သည်။ 


သတင်းစဉ်