ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု (၂၀၂၄) သို့ တက်ရောက်ဆွေးနွေးမှာကြား

 

နေပြည်တော်   ဧပြီ   ၅  


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၏   “အမြဲမပြတ်   လေ့လာ သင်ယူရေးလှုပ်ရှားမှု   - ၂၀၂၄ (Never Stop Learning Cam-paign -2024)”   “သူ့ကျွန်မခံပြီ ဂန္ထဝင်ဝတ္ထုကြီးအား   လေ့လာ ဖတ်ရှုဆွေးနွေးပွဲ”ကို ယနေ့မွန်းလွဲ ပိုင်းတွင်    ပြန်ကြားရေးဝန်ကြီး ဌာန  စုပေါင်းခန်းမ၌ကျင်းပရာ   ဒုတိယဝန်ကြီး  ဦးရဲတင့်   တက် ရောက်ဆွေးနွေး ပြောကြားသည်။
ဒုတိယဝန်ကြီးက  ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် Never Stop Learning Campaign – 2024  နှင့်အညီ   လူတိုင်းသည်   စာပေ လေ့လာဖတ်ရှုကြရန်    လိုအပ် ကြောင်း၊ မိမိတို့   ဝန်ထမ်းများ အနေဖြင့် စာပေလေ့လာဖတ်ရှုရန်၊ အသိပညာဗဟုသုတ   ပြည့်ဝရန် လိုအပ်ကြောင်း၊ စာအုပ်စာစောင် များမှ    ရရှိသည့်အတွေ့အကြုံ၊ ဗဟုသုတများသည်    ဘဝအတွက် အဓိကကျကြောင်း၊ ဖတ်သည့်စာ များမှာလည်း မိမိအတွက် အကျိုး ရှိမည့်   စာပေများဖြစ်ရန်    လို ကြောင်း၊ ပြန်ကြားပေးရန်၊ အသိ ပညာပေးရန်   စသည့်ရည်မှန်း ချက်များဖြင့် အဓိကတာဝန်ထမ်း ဆောင်နေကြသည့် မိမိတို့ဝန်ထမ်း များသည်   အခြားသူများထက် ပိုမိုလေ့လာဖတ်ရှု သိရှိထားကြရန် လိုကြောင်း။
ဝန်ထမ်းအများစုမှာ စာဖတ် သည့်အလေ့အထ နည်းလာသဖြင့် စာဖတ်ဖြစ်အောင်၊ လေ့လာဖြစ် အောင်  ယခုကဲ့သို့    အမြဲမပြတ် လေ့လာသင်ယူရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရုံးချုပ် သာမက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၌ ယခုကဲ့သို့ စာပေလေ့လာ ဖတ်ရှုဆွေးနွေးပွဲ များ အဆက်မပြတ် လုပ်သွားခြင်း ဖြင့် ဝန်ထမ်းများ အသိပညာဗဟု သုတနှင့် စွမ်းဆောင်ရည်မြင့်မား လာမည်ဖြစ်ကြောင်း၊ မိမိလေ့လာဖတ်ရှုသိရှိပြီးဖြစ်သည့် အသိပညာ ဗဟုသုတများကိုလည်း အခြားသူ များကို မျှဝေပေးခြင်းဖြင့် ပတ်ဝန်း ကျင်နှင့် နိုင်ငံအတွက်ပါ အကျိုးရှိနိုင် မည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေး ပွဲခေါင်းစဉ်နှင့်အညီ Life Long Learning      ဆိုသည့်အတိုင်း အသက်ရှင်နေသရွေ့    လေ့လာ သင်ယူသွားကြရန်နှင့်  မိမိကိုယ် တိုင်၊   မိမိဌာနနှင့်    နိုင်ငံအကျိုးကို ပိုမိုထိရောက်   အောင်မြင်အောင်     ကြိုးစား  သွားကြစေလိုကြောင်း ပြောကြားသည်။ (အပေါ်ယာပုံ)
ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေး    ဦးစီးဌာနသည် ဝန်ထမ်းများအား စာပေလေ့လာ ဖတ်ရှုမှုအလေ့အထများ  ဖြစ်ပေါ် လာစေရန်နှင့် မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်များ ကိန်းအောင်လာစေ ရန်အတွက် သူ့ကျွန်မခံပြီ၊ ငဩ၊ အညတြ၊ ရဲဘော်အောင်ဒင်၊ မြန်မာ ပြည်သား၊ သေသော်မှတည့် ဪ ကောင်း၏ ၊ အင်ကြင်းရဂုံ စသည့် ဂန္ထဝင်စာအုပ်များကို တိုင်းဒေသ ကြီး/ ပြည်နယ်၊  ခရိုင်၊  မြို့နယ် ဝန်ထမ်းများအားလုံး    ဖတ်ရှု လေ့လာစေ၍    စာဖတ်ဝိုင်းများ ပြုလုပ်ကာ    ပြန်လည်ဆွေးနွေး မျှဝေစေခြင်းများကို  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်