ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇွန်   ၃၀


ပြည်ပနိုင်ငံများ၌ စာတမ်းဖတ်ပွဲ၊  အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေး များ      တက်ရောက်ပြီး    ပြန်လည်ရောက်ရှိလာသည့်    ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏   ပြည်ပခရီးစဉ်   အတွေ့ အကြုံ    ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်     နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန  စုဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊       ဒုတိယ ဝန်ကြီး   ဦးရဲတင့်၊   အမြဲတမ်း အတွင်းဝန်   ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ    အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်     ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာ တွင် နိုင်ငံတကာအတွေ့အကြုံကို အခြေခံပြီး  မိမိတို့၏  လုပ်ငန်းများ ပိုမိုတိုးတက်  ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပ သို့သွားရောက်ခဲ့သူများ၏ အတွေ့ အကြုံများအား  ယခုကဲ့သို့   မျှဝေ သည့်အစီအစဉ်ကို    ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ခရီးစဉ်သွားရောက်  ခဲ့သူများက     ကြုံတွေ့ခဲ့ရသော ကျယ်ပြန့်သည့်၊    အများစိတ်ဝင် စားမည့်     အတွေ့အကြုံများကို ဆွေးနွေးပေးရန်နှင့်  တက်ရောက် နားထောင်သူများက    ၎င်းတို့၏ အတွေ့အကြုံ  မျှဝေမှုအပေါ်တွင် သိသင့်သိထိုက်သည်များ၊   သိရှိ လိုသည်များကို မေးမြန်းပေးစေလို ကြောင်း၊        အစည်းအဝေးများ၊    ဆွေးနွေးပွဲ၊       စာတမ်းဖတ်ပွဲ၊  လေ့လာရေးခရီးစဉ်    စသည်ဖြင့်  မိမိတို့သွားရောက်ခဲ့သည့်    နိုင်ငံ တကာအတွေ့အကြုံများကို မိမိ တို့လုပ်ငန်းခွင်အတွက်    အကျိုး ရှိအောင်  ပြန်လည်အသုံးချစေလို ကြောင်း၊        ပြောင်းလဲနေသော ခေတ်ကြီးတွင်      နိုင်ငံတကာ အတွေ့ အကြုံများကို   အခြေခံ၍   မိမိတို့    ဌာန၊    လုပ်ငန်းများ   ပိုမို တိုးတက်အောင်      ဆောင်ရွက်သွား ကြစေလိုကြောင်း      ပြောကြား သည်။

 


 ထို့နောက်      မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန     ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ က    ဗီယက်နမ်နိုင်ငံ    ဟနွိုင်းမြို့ ၌    ကျင်းပသည့်     (၂၃)ကြိမ် မြောက်     အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ      အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ  ကို     လည်းကောင်း၊     မြန်မာ့ အသံနှင့်       ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး   ဒေါ်မိုးသူဇာ အောင်က စင်ကာပူနိုင်ငံ၌ ကျင်းပ  သည့်     အာရှဗီဒီယိုလုပ်ငန်းရှင် များအသင်း စားပွဲဝိုင်းဆွေးနွေးပွဲ နှင့် အာရှဗီဒီယို ထိပ်သီးဆွေးနွေး ပွဲတို့သို့      တက်ရောက်ခဲ့သည့် အတွေ့အကြုံကို   လည်းကောင်း၊ မီဒီယာ          ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ     ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ကမ္ဘောဒီယား နိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက်   သတင်းမီဒီယာ လုပ်ငန်းအဖွဲ့    အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်    အတွေ့ အကြုံကိုလည်းကောင်း၊    မြန်မာ့ အသံနှင့်      ရုပ်မြင်သံကြားမှ  ဦးစီး အရာရှိ        ဒေါ်တင်တင်မြတ် က   အင်ဒိုနီးရှားနိုင်ငံ   ဂျကာတာ မြို့တွင်  ကျင်းပသည့်    အာဆီယံ သွင်ပြင်လက္ခဏာနှင့် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးဆိုင်ရာ စာတမ်းဖတ်ပွဲ သို့ တက်ရောက်ခဲ့သည့် အတွေ့ အကြုံကိုလည်းကောင်း၊  မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနမှ လက်ထောက်  ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံက     ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင်  ကျင်းပ သည့် အာဆီယံနိုင်ငံ   အဏ္ဏဝါ ပလတ်စတစ်    စွန့်ပစ်ပစ္စည်းများ ဆိုင်ရာ မှတ်တမ်းရုပ်ရှင်ထုတ်လုပ် ခြင်းဖြင့်   ရုပ်သံထုတ်လွှင့်သူများ ၏   စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ          အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံ ကိုလည်းကောင်း စိတ်ဝင်စားဖွယ် ဗီဒီယိုကလစ်များဖြင့်   ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် ဝန်ထမ်းများက  သိရှိလိုသည် များကို     မေးမြန်းဆွေးနွေးခဲ့ကြ သည်။        

သတင်းစဉ်