ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ    ၁၂


ပြည်ပနိုင်ငံများ၌ ဖိုရမ်၊ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များ သွားရောက် ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၏  ပြည်ပအတွေ့ အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အာဆီယံအလုပ်ရုံဆွေးနွေးပွဲတက်ရောက် 


ပြည်ပအတွေ့အကြုံရှင်းလင်းပွဲတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေမှူး ဦးတက်ထွန်းတိုးက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ တွင်  ကျင်းပပြုလုပ်သည့် သတင်းတု၊  သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဆွေးနွေးပွဲနှင့် မီဒီယာ ကဏ္ဍ၌   ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များနှင့် စပ်လျဉ်းသည့် အာဆီယံအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက် ခဲ့သည့်အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးဝင်းထွဋ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပေါင်ရှန် မြို့၌ ရိုက်ကူးထုတ်လုပ်မည့် တရုတ်-မြန်မာ မီဒီယာ အင်တာဗျူး ပူးပေါင်းရိုက်ကူးရေးအစီအစဉ်သို့ ပါဝင် တက်ရောက်ခဲ့သည့်    အတွေ့အကြုံများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

အာဆီယံ-တရုတ်မီဒီယာဖိုရမ်တက်ရောက်


ထို့နောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Seminar on Beidou Satellite Navigation System Technology and Application for Myanmar သို့ ပါဝင်တက်ရောက် ခဲ့သည့်အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုးက ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ တွင် ကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆပ်ကော်မတီအစည်း အဝေးနှင့်  ဆက်စပ်အစည်းအဝေးများသို့    ပါဝင် တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စာတည်းမှူးချုပ် ဦးဇော်နိုင်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi ပြည်နယ် နန်နင်းမြို့တွင် ကျင်းပပြုလုပ်သည့်  ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ်မီဒီယာဖိုရမ်(2023 ASEAN-China Media Forum) သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လက်ထောက်အင်ဂျင်နီယာ ဦးသန်း နိုင်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ် သည့် ဒုတိယအကြိမ် ရုပ်သံဖွံ့ဖြိုးမှုနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့  ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးက   မလေးရှားနိုင်ငံ ကူချင်းမြို့တွင် ကျင်းပပြုလုပ်သည့်  အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ များ၏  သတင်းအဖွဲ့အစည်းအဝေးနှင့် အပြည်ပြည် ဆိုင်ရာ သတင်းဖိုရမ်တို့သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း  ရှင်းလင်းတင်ပြ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ က  သိရှိလိုသည်များကို   မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်