ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှသင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

 

 

နေပြည်တော်   ဇူလိုင်   ၉


ပြန်ကြားရေးဝန်ကြီးဌာန  ပြန်ကြားရေး နှင့်   ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၉ ဦးတို့ သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-  တပ်ကုန်းရှိ  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားတွင်  ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင်    လေ့လာကြသည်။

 


အဆိုပါ   လေ့လာရေးအဖွဲ့ဝင်များသည်  ရှေးဦးစွာ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်  ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်  စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး   မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု    ပုံစံငယ်များ၊ ခေတ်အဆက်ဆက်    ထုတ်လွှင့်တင်ဆက်ခဲ့သည့်  အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၏    မှတ်တမ်းဓာတ်ပုံများ၊    တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊   ရေဒီယို အစီအစဉ်တွင်  အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့်    အခြား အသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများအပြင်   ပင်မအဆောက်အအုံအတွင်း  ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများအား  လှည့်လည်ကြည့်ရှုလေ့လာကြရာ  တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြောင်း သိရသည်။


သတင်းစဉ်