ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ  အရာထမ်း၊ အမှုထမ်းများ နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက်လေ့လာ

 

 

နေပြည်တော် ဇန်နဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန     ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ       တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အရာထမ်း၊ အမှုထမ်း ၄၅ဦးတို့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည် တော်  တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့   သွားရောက် လေ့လာသည်။
ရှေးဦးစွာ      Conference Room ၌  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းသူက နှုတ်ခွန်းဆက် ပြောကြားပြီး   ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ   သတင်းနှင့် အစီအစဉ်များ ထုတ်လွှင့်မှု အခြေ အနေကို  ပါဝါပွိုင့်ဖြင့်  ရှင်းလင်း ပြောကြားသည်။      
ယင်းနောက်  လေ့လာရေးအဖွဲ့ များသည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ  ရုပ်သံထုတ်လွှင့်နေမှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။ 
သတင်းစဉ်