ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

 

နေပြည်တော်    မေ   ၂၈


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦးတို့သည့်   ယနေ့နံနက်ပိုင်း က   နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား တွင်  ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ များနှင့်  မြန်မာ့အသံနှင့်ရုပ်မြင် သံကြား   စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

 


အဆိုပါ  လေ့လာရေးအဖွဲ့ဝင် များသည်  မြန်မာ့အသံနှင့်ရုပ်မြင် သံကြား  စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်  ခေတ် အဆက်ဆက်  ရုပ်သံထုတ်လွှင့်မှု များတွင်   အသုံးပြုခဲ့သည့်  စက် ပစ္စည်းများ၊  တိုက်ရိုက်ထုတ်လွှင့် ရေး  မော်တော်ယာဉ်များ၊ သတင်း တင်ဆက်မှု ပုံစံငယ်များ၊  ခေတ် အဆက်ဆက် ထုတ်လွှင့်တင်ဆက် ခဲ့သည့်  အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၏  မှတ်တမ်း ဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊  ရေဒီယို အစီအစဉ်တွင်  အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင်  ခင်းကျင်း ပြသထားမှုများအပြင် ပင်မ   အဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု  လုပ်ငန်းများ ကို     လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြသည်။

 


အဆိုပါ    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သင်တန်းသား  သင်တန်းသူများ သည်  ၎င်းတို့ဌာနတွင်  ဖွင့်လှစ် သည့်    E – Library Management System Software အသုံးပြုနည်း သင်တန်း (၁/၂၀၂၂)သို့  တက် ရောက်ခဲ့ကြပြီးနောက် သက်ဆိုင် ရာဒေသအသီးသီးသို့   ပြန်လည် မထွက်ခွာမီ MRTV သို့ လာရောက် ပြီး    ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။


သတင်းစဉ်