ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၆


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်  ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ပြိုင်ပွဲနှင့် သင်တန်း များတွင် ဆုရထူးချွန်ဝန်ထမ်းများ၊ တာဝန် ရှိသူများ  တက်ရောက်ကြပြီး  ခရိုင်ရုံးများ မှ လက်ထောက်ညွှန်ကြားရေးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။


ဦးစွာ       ပြန်ကြားရေးနှင့်     ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏     “ပေါင်းစည်း ချစ်ကြည် လက်တွဲညီ” မှတ်တမ်းဗီဒီယိုကို ပြသသည်။
တက်ညီလက်ညီ စည်းလုံးညီညွတ်


ထို့နောက်     ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အနေဖြင့် ယခုကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည် မှာ ဌာနတွင်ရှိသည့် ဦးဆောင်ဦးရွက်ပြု နေသူများ၊ တာဝန်အသီးသီးကို ကျေပွန် စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ ၏ တက်ညီလက်ညီ စည်းလုံးညီညွတ်မှု များကြောင့် ဖြစ်ပါကြောင်း။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း ၄၃၅ ရုံးနှင့် ဖွဲ့စည်းထားသည့် ကြီးမားသည့် ကွန်ရက် ကြီးတစ်ခုဖြစ်ပြီး    ပြန်ကြားရေးဝန်ကြီး ဌာန၏       အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သည့် သတင်းအချက်အလက် များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်း နှင့်    ဖျော်ဖြေပေးခြင်းလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိ ပါကြောင်း။


အလားတူ နိုင်ငံတော်အဆင့် အခမ်း အနားများတွင်      ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ဂုဏ်ယူဖွယ်ရာ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ခဲ့သည်ကို   တွေ့ရပါ ကြောင်း၊ ဦးစီးဌာနအနေဖြင့် မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူ များ သိရှိနိုင်စေရန် စာသားသတင်းများ အပြင် ရုပ်သံသတင်းများကို  SocialMedia Platform   များဖြစ်သည့်     Facebook, Instagram, Twitter, Telegram နှင့် MOI Website များမှ လွှင့်တင်ဖော်ပြပေးသကဲ့ သို့  MOI Application နှင့် mtube  တို့မှ လွှင့်တင်ပေးနေသည်ကိုလည်း   တွေ့ရပါ ကြောင်း။


သက်ဆိုင်ရာခရိုင်၊ မြို့နယ်နှင့် မြို့ရုံး များ၏ Facebook Page များတွင်လည်း  ဒေသဖွံ့ဖြိုးရေးသတင်းများ၊   နိုင်ငံတော် အစိုးရ၏ သတင်းထုတ်ပြန်ချက်များနှင့် အခြားအသိပညာပေး   အကြောင်းအရာ များ ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့မြင် ရသည့်အတွက်  ခေတ်မီနည်းပညာများ နှင့်အညီ   လိုက်ပါပြောင်းလဲနိုင်သည်ဟု သုံးသပ်ရပါကြောင်း။


တိုင်းကျိုး၊ ပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာ


ထို့ပြင် ဦးစီးဌာန၏ ပြည်သူ့စာကြည့် တိုက်များကို ပြည်သူများ အသိပညာရှာ မှီးရာနေရာ၊ သတင်းအချက်အလက်များ ဖြန့်ဝေရရှိရာနေရာ၊ တိုင်းကျိုး၊ ပြည်ကျိုး နှင့်   ရပ်ကျိုး၊  ရွာကျိုးများကို   ဆွေးနွေး တိုင်ပင်ရာနေရာ၊ ပြည်သူများ စာဖတ်ခြင်း ဖြင့်  အပန်းဖြေဖွယ်ရာနေရာများဖြစ်လာ စေရေးအတွက်  လူထုအခြေပြုဗဟိုဌာန (Community Centre) များအဖြစ် အဆင့် မြှင့်တင်    အကောင်အထည်ဖော်လျက် ရှိရာ   ၂၀၂၃ ခုနှစ်အတွင်း  ဧရာဝတီတိုင်း ဒေသကြီး    ပန်းတနော်မြို့တွင်     လူထု အခြေပြုဗဟိုဌာန(Community Centre)  အဆောက်အအုံသစ်ကို အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။


နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ    လူငယ်များ၏    စိတ်ပိုင်း ဆိုင်ရာများ   မြှင့်တင်ဆောင်ရွက်ပေးရန် ဗလငါးတန်    ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်တိုင်းပြည်၏ အားကိုးအားထား ပြုရသည့် မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာစေရန်အတွက်     အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့်     မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ကိုလည်း တစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ် ခဲ့ပါကြောင်း။


ဌာန၏    ကောင်းမွန်သော   ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများကို     ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအကြား   ပေါင်းကူးတံတားသဖွယ် ဖြစ်လာစေရန်နှင့် ဌာန၏ လုပ်ငန်းတာဝန် များကို   ကျေပွန်စွာ   ထမ်းဆောင်နိုင်ရန် အတွက်    အဓိကကျသည့်    ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားရေး   သင်တန်း အပါအဝင်   သင်တန်းများကို    နှစ်စဉ် ဖွင့်လှစ်ပို့ချပေးနေသည်ကိုလည်း တွေ့ရ ပါကြောင်း။


၂၀၂၄ ခုနှစ် နှစ်သစ်တွင် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝ တည်ဆောက်ရေးလုပ်ငန်း များကို အထောက်အကူဖြစ်စေပြီး နိုင်ငံ တော်အစိုးရနှင့် ပြည်သူများ၏ ယုံကြည် အားကိုးရသည့်         ဌာနတစ်ခုအဖြစ် ရပ်တည်ကာ  ဝန်ကြီးဌာန၏  မူဝါဒများ၊ ရည်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်း များ   ပိုမိုတိုးတက်အောင်မြင်လာစေရန် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာစေ ရေး    ကြိုးပမ်းထမ်းဆောင်ကြစေလိုပါ ကြောင်း ပြောကြားသည်။


ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ညွှန်ကြားရေးမှူး ရာထူးတိုး ခန့်အပ်လွှာများပေးအပ်သည်။
ထို့နောက်     အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်  စီမံထူးချွန်ဆု၊  ဇေယျာ စီမံထူးချွန်ဆု၊      နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ထူးချွန်ဆု၊   လူမှုရေးဆိုင်ရာ   ထူးချွန်ဆု၊ ဝတ္ထုတိုပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲ ဆုများ နှင့်     ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲဆု၊ သင်တန်းထူးချွန် ဆုနှင့်    သတင်းမှန်တုံ့ပြန်ဆောင်ရွက်မှု ဆုများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ထူးချွန်ဆုနှင့်      ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို   ပေးအပ်ချီးမြှင့်ကြ သည်။  


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့် က  ခရိုင်အဆင့်  သတင်းလွှင့်တင်ဖော်ပြ ခံရမှုဆု    ပထမ၊   ဒုတိယ၊   တတိယနှင့် အထူးဆုများရရှိကြသည့် ခရိုင်ရုံးများကို ဆုများ ပေးအပ်ချီးမြှင့်သည်။


ဆုများပေးအပ်ချီးမြှင့်


ထို့နောက်        ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    မြို့နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမရရှိသည့်  အောင်မြေသာစံမြို့နယ်ရုံး၊  ဒုတိယရရှိ သည့် ဒေးဒရဲမြို့နယ်ရုံး၊ တတိယရရှိသည့် ပန်းတနော်မြို့နယ်ရုံး၊ အထူးဆုများရရှိ သည့်     ပျော်ဘွယ်မြို့နယ်ရုံး၊     တံတား ဦးမြို့နယ်ရုံး၊ နတ်မောက်မြို့နယ်ရုံး၊ သီပေါ မြို့နယ်ရုံးနှင့်   လယ်ဝေးမြို့နယ်ရုံးတို့ကို လည်းကောင်း၊    ခရိုင်အဆင့်     လုပ်ငန်း စွမ်းဆောင်ရည်ဆု        ပထမရရှိသည့် ကျောက်ဆည်ခရိုင်ရုံးမှ     လက်ထောက် ညွှန်ကြားရေးမှူး     ဒေါ်တင်တင်ထွေး၊  ဒုတိယရရှိသည့်     တောင်ကြီးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ထွန်းနှင့် တတိယရရှိသည့် သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှ ဌေးတို့ကို လည်းကောင်း၊  တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုရရှိသည့်    ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး     ဦးစိုးညွန့်ရွှေအား လည်းကောင်း    ဆုများ   ပေးအပ်ချီးမြှင့် သည်။


ယင်းနောက်  ဆုရရှိသူများကိုယ်စား ရှမ်းပြည်နယ်ရုံးမှ    ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက       ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများနှင့်     အတူ နေ့လယ်စာကို အတူတကွ  သုံးဆောင်ခဲ့ ကြသည်။                           

သတင်းစဉ်