
နေပြည်တော် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့ရှိ တပ်မတော်ဆေးရုံ၌ တက် ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ နှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း ရှိ အာဟာရဌာနမှ လူနာများ ကို ကျွေးမွေးမည့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများအား ကြည့်ရှုစစ်ဆေးပြီး လူနာများ စားသောက်နေမှုကို လိုက်လံ ကြည့်ရှုအားပေးကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်