
နေပြည်တော် ဇူလိုင် ၁၄
Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များ ရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ စားရေးအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင် တပ်နယ်မှ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ ဝင်များအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ PPE ဝတ်စုံ ၁၀ စုံ၊ Mask အခု ၁၀၀၊ Surgical Mask အခု ၂၀၀ နှင့် လက်သန့်ဆေးရည်ဘူး ၃၀ တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်