ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များနှင့် အနယ်အနှစ်များ ဖယ်ရှားရှင်းလင်း၊ ဂဲလောင်ချောင်း တစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်   ၂


မန္တလေးတိုင်း      ဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီမှ   နံနက် ၁၁ နာရီ ခွဲခန့်အထိ       မိုးသည်းထန် စွာ ရွာသွန်းခဲ့ပြီးနောက်       မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအချို့၌ ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ကာ   ပျက်စီး ဆုံးရှုံးမှုများ    ဖြစ်ပေါ်ခဲ့သည့် နေရာများအား ယနေ့ မွန်းလွဲပိုင်း တွင်   အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊       ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံ  တပ်မတော်သားများ၊ မြန်မာနိုင်ငံ       ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊   စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များက ရပ်ကွက်ကြီး(၁)အတွင်းရှိ ဂဲလောင်ချောင်းရေ    တိုက်စားမှု ရှိသည့်      ချောင်းဘေးပေါင်များ ပြင်ဆင်ခြင်း၊     ရပ်ကွက်ကြီး  (၃)ရှိ အခြေခံပညာ    အထက်တန်းကျောင်းခွဲ၊   အမှတ်(၁)  အခြေခံပညာ အလယ် တန်းကျောင်း၊  ရပ်ကွက်ကြီး (၉)ရှိ  အေးမြချမ်းသာ  သီလရှင်ကျောင်း၊    ဂေါ်ရခါးကျောင်းနှင့်      ဆင်လမ်း ကျေးရွာရှိ ဓမ္မိကာရာမစာသင်တိုက် တို့၌     ပျက်စီးမှုများအား      ဖယ်ရှား ရှင်းလင်းခြင်း၊    ဂဲလောင်ချောင်း တစ်လျှောက်         ဂန္ဓမာမြိုင်အဝိုင်းမှ   မန္တလေး- လားရှိုးလမ်း AGD   ဘဏ် အထိ       ရေစီးရေလာကောင်းမွန် စေရေးတို့ကို    စုပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။

       
သတင်းစဉ်