
နေပြည်တော် ဖေဖော်ဝါရီ ၁၀
လက်နက်ကိုင် သောင်းကျန်းသူ များနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများသည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာ များနှင့် နိုင်ငံတော်ပိုင်အဆောက် အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လမ်း/ တံတားများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ သည်။
ထိုသို့ လုပ်ဆောင်နေသည့် လက်နက်ကိုင် သောင်းကျန်းသူ များနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများကို တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များက နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင် ရေးအတွက် အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် တိုက်ခိုက်ချေမှုန်း လျက်ရှိပြီး နယ်မြေလုံခြုံရေး တာဝန်များကို နေ့ညမပြတ် ထမ်းဆောင်လျက်ရှိသည်။
ယနေ့တွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် အတွင်း ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွား ဘဝကို ကာကွယ်စောင့်ရှောက် နေပြီး လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့၌ သံဃာတော်များ၊ ဒေသခံပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများက အောင်သပြေပန်းများ၊ ပန်းကုံး များ၊ အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆို ထောက်ခံ အားပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လည်း နယ်မြေတည်ငြိမ်အေးချမ်း ရေးကို အမြန်ဆုံးရရှိအောင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင် ရေး (Counter Terrorism Ope ration)ကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက် ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law Of Armed Conflict) ပြဋ္ဌာန်းချက် များနှင့်အညီ ထုတ်ပြန်ထားရှိ သည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules Of Engage-ment-ROE) အတိုင်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်