
ပြင်ဦးလွင် ဇူလိုင် ၂၁
ပြင်ဦးလွင်မြို့နယ် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုရေးကိစ္စများတွင် အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှရရှိသော အကျိုးအမြတ်များ ထုတ်ပေးခြင်းကို ဇူလိုင် ၂၀ ရက်က အဆိုပါအသင်း၌ ပြုလုပ်သည်။
ထို့နောက် အသင်းမှ အသင်းသားပြည်သူ ၇၇၀ ကျော်အား တစ်ဦး လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၅၀ ကျော် အကျိုးအမြတ် များကို လက်ဝယ်အရောက် ထုတ်ပေးသည်။
သတင်းစဉ်