ပြင်ဦးလွင်မြို့၌ ဘိုးဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကျင်းပ

 

ပြင်ဦးလွင်   ဧပြီ     ၁၈  


မန္တလေးတိုင်းဒေသကြီး    ပြင်ဦးလွင်မြို့၌    အသက် ၈၅  နှစ်နှင့်အထက် အဘိုးအဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲအခမ်းအနားကို     မြန်မာသက္ကရာဇ်   ၁၃၈၅  ခုနှစ်  မြန်မာနှစ်ဆန်း နှစ်ရက်နေ့  ယနေ့နံနက်  ၉ နာရီက      ရပ်ကွက်ကြီး (၂ ) ရှိ     မဟာပဝါရဏာ သိမ်တော်ကြီး၌    ပြုလုပ်ရာ   တာဝန်ရှိသူများနှင့်  သက်ကြီး ဘိုးဘွားများတက်ရောက်ကြသည်။ 

 


ဦးစွာ     ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ   ဦးကျော်ကျော်ထွန်းက သက်ကြီးပူဇော်ပွဲ ကျင်းပရ ခြင်းနှင့်ပတ်သက်၍        ဘိုးဘွားတို့အား        တင်ပြ လျှောက်ထားပြီး   တက်ရောက်လာသူများမှ  အသက် ၈၅    နှစ်နှင့်အထက်      အဘိုးအဘွားများအား  ကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊   အဘိုးအဘွားများ ကိုယ်စား     အဘိုးတစ်ဦးနှင့်    အဘွားတစ်ဦးတို့မှ  ဆုတောင်းမေတ္တာများ ပို့သပေးသည်။

 


ဆက်လက်ပြီး   ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ က  ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး  (၁)  မှ  (၂၁)   ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး     ၁၇၈     ဦးနှင့် အဘွား ၃၅၂ ဦး   စုစုပေါင်း   အဘိုးအဘွား    ၅၃၀ တို့ အား  လှူဖွယ်ပစ္စည်းများဖြင့်  ပူဇော်ကန်တော့ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)