ပြင်ဦးလွင်မြို့၏ အသက်သွေးကြော ဂဲလောင်းချောင်း ရေအရည်အသွေးကောင်းမွန်ရေးနှင့် ချောင်းဂေဟစနစ် ရေရှည်တည်တံ့စေရေး ဆောင်ရွက်မှုများ

Type

 

ဖြူလူသစ်  (ခရိုင် ပြန်/ဆက်)

 

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့်    ယခုအခါ ကမ္ဘာတစ်ဝန်း လုံး၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာသူ ကမ္ဘာသားအားလုံး  ရင်ဆိုင်တွေ့ကြုံ  ခံစားနေကြရ သည်။    မြန်မာနိုင်ငံတွင်လည်း     သဘာဝဘေး အန္တရာယ် ထိခိုက်ပျက်စီးမှု၊ ရေအရင်းအမြစ်ဆုံးရှုံး မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်၊  ပျက်စီးဆုံးရှုံး မှုများ၊    လူ့အသက်အန္တရာယ်   ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ် များ    ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အနာဂတ်အတွက်  ထိခိုက်ပျက်စီးမှု၊ သေဆုံးမှုနည်းပါးအောင်  အားလုံး ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းဆောင်ရွက်ထားရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်   အမျိုးသား   သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို  ဖွဲ့စည်း ထားပြီး စတင်ဖွဲ့စည်းဆောင်ရွက်ချိန်မှစ၍  လက်ရှိ အချိန်အထိ  ဖြစ်ပေါ်ခဲ့သော    သဘာဝဘေးအန္တရာယ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ဒေသအာဏာ ပိုင်အစိုးရအဖွဲ့များနှင့် ပြည်သူများက ကဏ္ဍအလိုက် တက်ညီလက်ညီ  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။ 
ဖြတ်သန်းစီးဆင်း
ပြင်ဦးလွင်မြို့၌    ဖြတ်သန်းစီးဆင်းနေသော ဂဲလောင်းချောင်းသည် ပြင်ဦးလွင်မြို့၏    အသက် သွေးကြောဟု   ဆိုနိုင်သည့်   ရေနုတ်မြောင်းမကြီး ဖြစ်သည့်အပြင် ရေချိုသယံဇာတ   အရင်းအမြစ် တစ်ခုလည်းဖြစ်သည်။   ဂဲလောင်းချောင်းသည် ကန်တော်လေးကန်၏ ရေပိုလွှဲမှအစပြု၍     မြို့ အတွင်း ပတ်ခွေစီးဆင်းလျက်ရှိသည့် ချောင်းတစ်ခု ဖြစ်ပြီး   ပွဲကောက်ရေတံခွန်အထိ     စီးဆင်းသည်။  ထိုမှတစ်ဆင့် ပိတ်ချင်းမြောင်သို့ ဆက်လက်စီးဝင်ပြီး စိုက်ပျိုးမြေများ၊ သစ်တောမြေများကို  ဖြတ်သန်း စီးဆင်းကာ ဒုဋ္ဌဝတီမြစ်အတွင်းသို့  ဆက်လက်စီးဝင် သွားသည့် ချောင်းတစ်ခုဖြစ်သည်။ ဂဲလောင်းချောင်း ၏အရှည်မှာ    မြို့ပေါ်ဧရိယာ  ၁၃၂၂၅ ပေ  (နှစ်မိုင် ခွဲခန့်) နှင့်   မြို့ပေါ်ဧရိယာပြင်ပ    ငါးမိုင်ခန့်ရှိပြီး စုစုပေါင်း  ခုနစ်မိုင်ခွဲခန့် ရှည်လျားသည့်   ချောင်း တစ်ခုဖြစ်သည်။
ထိုသို့  ပြင်ဦးလွင်မြို့၏    အသက်သွေးကြော ဖြစ်သည့် ဂဲလောင်းချောင်းအတွင်းသို့   ပြင်ဦးလွင် မြို့ပေါ် ရပ်ကွက်အသီးသီး၏    ရေမြောင်းများမှ  ဂဲလောင်းချောင်းအတွင်းသို့   စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း၊ မိလ္လာရေဆိုးပိုက်များ စွန့်ထုတ်ခြင်းနှင့် ဂဲလောင်းချောင်းမြေဧရိယာကို   ခွင့်ပြုချက်မရှိဘဲ ကျော်လွန်ဆောင်ရွက်ထားသည့် အဆောက်အအုံ များကြောင့် ချောင်းဧရိယာမှာ ကျဉ်းမြောင်း လာခဲ့ရ သည်။ 
ရေကြီးရေလျှံမှုများဖြစ်ပေါ် 
ထိုသို့    တစ်စထက်တစ်စ       မဆင်မခြင် ဆောင်ရွက်မှုများကြောင့်     ဂဲလောင်းချောင်းမှာ တိမ်ကောလာပြီး   ရေစီးရေလာများ    ပိတ်ဆို့ကာ ရေအရင်းအမြစ်များ ညစ်ညမ်းလာခဲ့သဖြင့် မိုးတွင်း ကာလများ၌ ပြင်ဦးလွင် မြေအနိမ့်ပိုင်း   ရပ်ကွက် များတွင် နှစ်စဉ်    ရေကြီးရေလျှံမှုများ    ဖြစ်ပေါ် ခဲ့ရသည်။ အဆိုးရွားဆုံးအနေဖြင့် ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇူလိုင်  ၃၁ ရက်တွင်တစ်ကြိမ်    စံချိန်တင်မိုးရွာ သွန်းမှုများကြောင့်  ပြင်ဦးလွင်မြို့ကို    ဖြတ်သန်း စီးဆင်းနေသည့်    ဂဲလောင်းချောင်း   ရေကြီးရေလျှံ ဖြစ်ခဲ့ပြီး ပြင်ဦးလွင်မြို့ပေါ်   ရပ်ကွက်ကြီး   ၂၁ ခု အနက် ရပ်ကွက်ကိုးခုတွင် ရေလွှမ်းမိုးခဲ့သည်။ ထိုသို့ ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု  ၁၁၈၇ စု  ရေ လွှမ်းမိုးခံခဲ့ရပြီး  ၄၂၂ ဦး ရေကြီးမှုကြောင့် ပြောင်းရွှေ့ ခဲ့ရသည်။ 
သဘာဝဘေးအန္တရာယ်    ဖြစ်ပေါ်လာနိုင်သော အကြောင်းရင်းများစွာရှိသည့်အနက်     သဘာဝ အလျောက် ဖြစ်ပေါ်ခြင်းများအပြင်    အထက်တွင် ဖော်ပြခဲ့သည့်  စည်းကမ်းမဲ့    ဆောင်ရွက်မှုများ ကြောင့် ရေရှည်တွင် ဂေဟစနစ်များ ပျက်ယွင်းလာ ပြီး ရေအရင်းအမြစ်များ ဆုံးရှုံးကာ မမျှော်မှန်းနိုင် သော ဖြစ်စဉ်များ ဖြစ်ပေါ်ထိခိုက်ခဲ့ရခြင်းဖြစ်သည်။ 
ယင်းဖြစ်စဉ်များကို   ပြန်လည်ကုစားနိုင်ရေး အတွက်    ဂဲလောင်းချောင်း   စီးဆင်းရာ လမ်း တစ်လျှောက် ချောင်းမြေဧရိယာအမှန် ပြန်လည် ရရှိစေရေး၊    ချောင်းမြေပေါ်တွင်    တရားမဝင် အဆောက်အအုံများ မရှိစေရေးနှင့်  ဂဲလောင်းချောင်း ရေရှည်တည်တံ့စေရေး       ဘက်စုံစီမံချက်ကို သက်ဆိုင်ရာ   အဖွဲ့အစည်းများနှင့်    ပုဂ္ဂိုလ်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက   စနစ်တကျ စီမံ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ ဂဲလောင်းချောင်းတစ်လျှောက်  သာယာလှပစေခြင်း ဖြင့်  ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ    ပိုမို ဖွံ့ဖြိုးစေရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ခရီး သွားလုပ်ငန်းများကို      အထောက်အကူပြုရေး၊ ဇီဝမျိုးစုံမျိုးကွဲများ  ရှင်သန်နေထိုင်နိုင်ရေးအတွက် ချောင်း၏   ဂေဟစနစ်     ရေရှည်တည်တံ့စေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင်    ဂဲလောင်းချောင်းနှင့်     ဆက်စပ် ရေမြောင်းများ    ရေစီးရေလာ   ကောင်းမွန်ရေး ဆောင်ရွက်ရာတွင်  ဂဲလောင်းချောင်း   စီးဆင်းရာ လမ်းတစ်လျှောက်    ချောင်းမြေဧရိယာ    အမှန် ပြန်လည်ရရှိရေး ဆောင်ရွက်ရန်မှာ အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့်     ဂဲလောင်းချောင်း ကျူးကျော်မှုများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း တိုင်းတာ စာရင်းပြုစုကောက်ယူရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ထိုအဖွဲ့၏  ကွင်းဆင်းစစ်ဆေးချက်များအရ ဂဲလောင်းချောင်းနှင့် ဂဲလောင်းချောင်းအတွင်း စီးဝင် သော    မြောင်းလက်တက်    ဧရိယာများအတွင်း ခွင့်ပြုချက်မရှိ    ကျော်လွန်ဆောင်ရွက်ထားသည့် အဆောက်အအုံ ၁၈၀ ခန့်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများ ကြောင့်    အဆောက်အအုံ ၁၄၀ ခန့်    ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ကာ ဂဲလောင်းချောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့်    ရေအရင်းအမြစ် ကောင်းမွန်စေရေး  မြောင်းနံရံများ ပြုပြင်ဆောင်ရွက် နိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေ ဖြင့် ပြည်သူများ၏    ပူးပေါင်းပါဝင်မှု    ရရှိစေရေး အကြိမ်ကြိမ်   တွေ့ဆုံညှိနှိုင်း    ဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များနှင့်အညီ အခက်အခဲ ရှိသူများကို အဆင်ပြေအောင်      ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့   ဆောင် ရွက်ရာတွင် ချောင်းဧရိယာမြေပေါ်၌ ခွင့်ပြုချက်ထက်  ကျော်လွန် ဆောက်လုပ်ထားသော အဆောက်အအုံများ၊ တရား မဝင်ဆောက်လုပ်ထားသည့်  အဆောက်အအုံများကို လည်း ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းခဲ့ရသည်။ 
ဂဲလောင်းချောင်း ရေအရည်အသွေးကောင်းမွန် ရေးနှင့် ချောင်းဂေဟစနစ် ရေရှည်တည်တံ့ စေရေး အတွက် နုန်းအမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်း ရေး လုပ်ငန်းများကိုလည်း    တာဝန်ရှိသူများ ပူးပေါင်း၍  အပတ်စဉ်  စုပေါင်းဆောင်ရွက်ခြင်း၊ ဂဲလောင်းချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊    ဂဲလောင်း ချောင်းတစ်လျှောက် ချောင်းမြေဧရိယာအတွင်း ခွင့်ပြုချက်မရှိ    ကျော်လွန်ဆောင်ရွက်ထားသည့် အဆောက်အအုံများကို  ဥပဒေနှင့်အညီ ရှင်းလင်း ဆောင်ရွက်ခြင်းနှင့် ဂဲလောင်းချောင်း  ရေစီးရေလာ ကောင်းမွန်ရေး   ရေစစ်ကန်များ    ဆက်လက် ဆောက်လုပ်နိုင်ရေးများကို    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 
ပူးပေါင်းဆောင်ရွက်
ဂဲလောင်းချောင်းရေစီးရေလာ  ကောင်းမွန်ရေး နှင့် ဂေဟစနစ်ရေရှည်      တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံလူထု၏               
ပူးပေါင်းဆောင်ရွက်မှုကို သက်ဆိုင်ရာ  အဖွဲ့အစည်း များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ဘက်စုံ စောင့်ကြပ်ကြည့်ရှုခြင်းများဖြင့် သန့်ရှင်းကောင်းမွန် သော   ရေချိုအရင်းအမြစ်တစ်ခုကို   ထိန်းသိမ်း စောင့်ရှောက်ရာ  ရောက်စေမည်ဖြစ်သည်။ 
ဂဲလောင်းချောင်း       သန့်ရှင်းသာယာလှပရေး အတွက် ဂဲလောင်းချောင်းအတွင်းသို့ ရေဝင်ရောက် သည့် မြောင်းများ၊ ရေဝင်ပေါက်များကို အမှိုက်စစ် ဆန်ခါများ တပ်ဆင်၍ နုန်းနှင့်  အမှိုက်များ  သန့်စင် ဖယ်ရှားခြင်း၊ ချောင်းနယ်နိမိတ်ကျဉ်းမြောင်းမှု မရှိ စေရေးနှင့်   အခြားမြေအသုံးချမှုများကို   ထိန်းသိမ်း ကန့်သတ်ခြင်းဖြင့် မြို့သန့်ရှင်းသာယာလှပရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပြီး      သန့်ရှင်း သာယာလှပရေးကို   ထိခိုက်စေမည့်  မည်သည့် စီမံကိန်းကိုမဆို          ဆောင်ရွက်ခွင့်ပြုမည်မဟုတ် ကြောင်း သိရသည်။ 
 ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ဂဲလောင်းချောင်း ရေလမ်းကြောင်း တိုးချဲ့တူးဖော်ခြင်းလုပ်ငန်းများအတွက်   နှစ် ၁၀၀ ဖြစ်တန်စွမ်း   (100  Year   Returned Period) ရေကြီးရေလျှံမှုကို ကာကွယ်နိုင်သော ဒီဇိုင်းပုံစံဖြင့် ခွင့်ပြုဘဏ္ဍာငွေရရှိမှုအပေါ်    မူတည်ပြီး   လုပ်ငန်း ဆုံးမှတ် ပေ  ၂၂၆၀၀  အထိ   ဆောင်ရွက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့  ဂဲလောင်းချောင်း ရေစီးရေလာ   ကောင်းမွန်ရေးအတွက်   ရေပိုလွှဲ အထွက်မြောင်း (ထီးလှိုင်တံတားထိ)  ရေပြေးဧရိယာ အကျယ်  ၁၂၀ စတုရန်းပေ ရရှိရေးနှင့်    စီးဆင်းရေ အားလုံး   ကောင်းမွန်စွာ   စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းများကို   ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက     ဆောင်ရွက်လျက်ရှိပြီး  ဂဲလောင်းချောင်း ( ဂန္ဓမာမြိုင်အဝိုင်း ထီးလှိုင်တံတား မှ    စစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာ   အနီးထိ) လိုအပ်လျက်ရှိသော နေရာများတွင်  (၅၀၁၅'x၁'-၆"x၅')  ကျောက်ရိုးစီခြင်းလုပ်ငန်းကို   မြို့နယ် စည်ပင်သာယာရေးအဖွဲ့က  ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏  ၉၅  ရာခိုင်နှုန်း   ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်သည်။
 ပြင်ဦးလွင်မြို့ကို  Clean City (သန့်ရှင်းသော မြို့)၊  Green City (စိမ်းလန်းသောမြို့) ဖြစ်စေရေး အတွက် အခြေခံဖြစ်သည့် ပြင်ဦးလွင်မြို့၏ အသက် သွေးကြော ဂဲလောင်းချောင်း   ရေအရည်အသွေး ကောင်းမွန်စေရေး၊   ချောင်းဂေဟစနစ်   ရေရှည် တည်တံ့စေရေး၊     ရေစီးရေလာ ကောင်းမွန်စေရေး အပါအဝင်  အမှိုက်များ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့်   သာယာသော ပတ်ဝန်းကျင်ကောင်းများအဖြစ် ပုံဖော်နိုင်စေရေးတို့မှ အစပြုကာ ပြည်တွင်းပြည်ပ ခရီးသွားများကို   ဆွဲဆောင်နိုင်သည့်    ခရီးသွား မြို့တော်ဖြစ်လာစေရေးအတွက်      ဒေသနေပြည်သူ တစ်ရပ်လုံးက   ဝိုင်းဝန်းပူးပေါင်း          ဆောင်ရွက်သင့် ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။      ။