ပြင်ဦးလွင်မြို့အား Clean City၊ Green City ဖြစ်အောင် ဆောင်ရွက်၍ ရှိပြီးသား အခြေခံဖြစ်သည့် ရတနာပုံဆိုက်ဘာစီးတီး၊ အနီးစခန်းလေယာဉ်ကွင်းများကို အသုံးချ၍ Smart City ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်း တွင်  မန္တလေးတိုင်းဒေသကြီး  အစိုးရ အဖွဲ့ဝင်များနှင့်      ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များအား   ပြင်ဦးလွင်မြို့  တပ်မတော် ဧည့်ဂေဟာရှိ     အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များကို     ဆွေးနွေး မှာကြားသည်။


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ် ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊      ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဦးလှမိုး၊   ဦးခင်မောင်ရီ၊   ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်     ဦးမောင်ကို၊  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊   မြို့တော်ဝန်   ဦးကျော်ဆန်း၊ ပြင်ဦးလွင်ခရိုင်မှ   ဌာနဆိုင်ရာဝန်ထမ်း များ တက်ရောက်ကြသည်။


ဦးစွာ   သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးက   ပြင်ဦးလွင်ဒေသ အတွင်း    ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက် တောင်သူများ လုပ်ငန်းများဆောင်ရွက် ရာတွင်       ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရေး၊ စိုက်ခင်းများအတွင်း ရေရရှိရေးတို့အတွက်     ဝန်ကြီးဌာနမှ ‌ကူညီဆောင်ရွက်ပေးနေမှု  အခြေအနေ နှင့် ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို လည်းကောင်း၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက     ပြင်ဦးလွင်မြို့နယ် အတွင်း သစ်တောဧရိယာများ၌ ကော်ဖီ စိုက်ပျိုးမှုများနှင့်ပတ်သက်၍ ကွင်းဆင်း စိစစ်ဆောင်ရွက်ပြီး    စိုက်ပျိုးမြေများ ဖော်ထုတ်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးမြေ များအား စနစ်တကျရှိစေရေး ဥပဒေနှင့်  အညီ    ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို    လည်း ကောင်း၊  ပြင်ဦးလွင်မြို့နယ်  မြေလွတ် မြေရိုင်းဧရိယာအတွင်း ကော်ဖီစိုက်ပျိုးမှု နှင့်ပတ်သက်၍     ကွင်းဆင်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊          ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးကလည်းကောင်း၊ ပြင်ဦးလွင် ခရိုင် ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စာသင်ကျောင်း များ  ပြန်လည်ဖွင့်လှစ်မှု၊  ကိုဗစ် -၁၉ ရောဂါ           ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်မြို့ သန့်ရှင်း  သာယာလှပရေး ဆောင်ရွက်ထားရှိမှုများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ    ခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်     အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော် အေးက လည်းကောင်း၊  ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာ    လှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်   ဆက်လက် ဆောင်ရွက်မည့်    အခြေအနေများကို မန္တလေးတိုင်းဒေသကြီး   အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊   မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ သည် ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာ လှည့်ခရီးသွားများ      စိတ်ဝင်စားမှုရှိ သည့် ခရီးသွားမြို့တစ်မြို့ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၃၈ ပေတွင်ရှိပြီး  မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်  ခရစ်နှစ် ၁၈၅၀ ပြည့်နှစ် ပုဂံမင်းလက်ထက်တွင်   စတင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်စာ များအရ သိရှိရကြောင်း၊ ပြင်ဦးလွင်မြို့ သည်     ရာသီဥတုသာယာကောင်းမွန် ပြီး     ရေမြေသဘာဝကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ မိမိတို့တာဝန် ယူချိန်ကာလအတွင်း    ပြင်ဦးလွင်မြို့ အား မူလတောင်ပေါ်အပန်းဖြေမြို့အဖြစ် ပြန်လည်ရောက်ရှိရေး  ကြိုးပမ်းတည် ဆောက်လျက်ရှိကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သည့် ထူးခြားသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊   ထို့ကြောင့်  နိုင်ငံတကာ က ပြင်ဦးလွင်မြို့နှင့်ပတ်သက်၍ စိတ်ဝင် စားမှုများရှိကြကြောင်း၊ ထိုအခွင့်အရေး အား အသုံးချနိုင်ပါက ခရီးသွားလုပ်ငန်း အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်သဖြင့် ပြင်ဦးလွင်မြို့အား နိုင်ငံတကာ  အဆင့်မီသာယာလှပစေရေး  အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ပြင်ဦးလွင်မြို့အား     Clean City၊ Green   City   ဖြစ်အောင်    ဦးစွာ တည်ဆောက်၍    သာယာလှပသည့် မြို့ကြီးတစ်မြို့ ဖြစ်စေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ကန်တော် ကြီး၊   ကန်တော်လေးမှ   စီးလာသည့် ချောင်းနှင့် ဂဲလောင်ချောင်း ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊        မြို့ သန့်ရှင်းသပ်ရပ်လှပအောင် ဆောင်ရွက် နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား  များကို    ဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် မြို့သာယာလှပရေးအတွက် စည်းကမ်း တကျ ဆောင်ရွက်ရန်လိုကြောင်း၊ လူနေ အိမ်များနှင့်           အဆောက်အအုံများ ဆောက်လုပ်မှုနှင့်    ပတ်သက်၍လည်း စည်းကမ်းဥပဒေများအတိုင်း လေးစား  လိုက်နာဆောင်ရွက်ရေး  သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။


ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးမြေများအား စည်းကမ်းသတ်မှတ်  ချက်များအတိုင်း လိုက်နာပြီး သတ်မှတ် နှစ်များအတွင်း    စိုက်ပျိုးပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင် ဒေသတွင် ကော်ဖီစိုက်ပျိုးရေးအတွက် စိုက်ပျိုးမြေများ   သတ်မှတ်၍   ကော်ဖီ စိုက်ပျိုးရေးဇုန်အဖြစ်     နိုင်ငံတော်မှ သတ်မှတ်ပေးထားကြောင်း၊  ယခင်က သစ်သီးပန်းမန်များ   စိုက်ပျိုးခြင်းကို  ဆောင်ရွက်ခဲ့ကြသော်လည်း   စိုက်ပျိုး မြေများအား    အခြားကိစ္စရပ်များတွင် အသုံးပြုမှုများနှင့် အားပေးမှုများနည်းပါး  လာခြင်းများကြောင့် ယခုအခါ စိုက်ပျိုးမှု များ များစွာလျော့နည်းလာခဲ့ပြီး စိုက်ပျိုး ရေးထွက်ကုန်များ နည်းပါးလာကြောင်း၊ ထို့ကြောင့်    စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ မှ  သုတေသနပြုဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ  ဈေးကွက် ရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း။


ပြင်ဦးလွင်ဒေသတွင် မလိုင်ထုတ်လုပ် မှုများရှိပြီး   အရည်အသွေးကောင်းမွန် သည့်  မလိုင်ထုတ်ကုန်များ  ထုတ်လုပ် လျက်ရှိကြောင်း၊ မိမိတို့ဒေသမှ ထွက်ရှိ သည့်   ထုတ်ကုန်များအား   ပြည်တွင်း ဖြန့်ဖြူးမှုသာမက    နိုင်ငံတကာသို့ပါ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ မိမိတို့ပြည်တွင်း ၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး မှုများကြောင့်     ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသူများ များစွာရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူများကိုလည်း နိုင်ငံတော် နှင့်    တပ်မတော်မှ   မိမိတို့နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊     ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက်     ဒေသ အလိုက်  စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊  ရှိပြီးသား ကောင်းမွန်သည့် ရေခံ မြေခံများကို အကျိုးရှိစွာအသုံးချ ရန်လိုကြောင်း။

 


စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုး မြေများအား     အကျိုးရှိရှိအသုံးချ၍ စိုက်ပျိုးရေးသီးနှံများ      အထွက်နှုန်း ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း၊ သစ်တောများ ပြုန်းတီးမှု မရှိစေရေးအတွက်လည်း    သစ်တော သစ်ပင်များအား     ထိန်းသိမ်းကြရန် လိုကြောင်း၊    စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့ကို စနစ်တကျဖြင့် ပေါင်းစပ် ဆောင်ရွက်၍     စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းကောင်းစေရေး ဆောင်ရွက် ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် သဘာဝဓာတ်မြေ ဩဇာများရရှိရေးအတွက်   မွေးမြူရေး လုပ်ငန်းများအား   စနစ်တကျ မွေးမြူ ဆောင်ရွက်ရန်လိုကြောင်း၊   ရှိပြီးသား စိုက်ပျိုးမြေ   ဧရိယာများပေါ်တွင်သာ စိုက်ပျိုးရေးသီးနှံများ အထွက်တိုးအောင် ဆောင်ရွက်ခြင်းဖြင့် သစ်တောခုတ်ထွင်မှု များကို  လျှော့ချနိုင်ပြီး  သစ်တောများ ပြုန်းတီးမှုကိုတတ်နိုင်သမျှ  ကာကွယ် နိုင်မည်ဖြစ်ကြောင်း၊    ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်ရှိ သစ်တောများပြုန်းတီးမှု  မရှိစေရေးအတွက် မဖြစ်မနေထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင် သစ်တောများ များပြားလာပြီး ရာသီဥတု များ  ပြန်လည်ကောင်းမွန်လာမည်ဖြစ် ကြောင်း၊ ကန်တော်ကြီးရေလှောင်ကန် အတွင်း   ရေဝင်ရောက်မှုနည်းပါးခဲ့ခြင်း ကြောင့် မိမိ၏စက်တင်ဘာလ ခရီးစဉ် အတွင်း  ကန်တော်ကြီးရေလှောင်ကန် အတွင်း  ရေများပြန်လည်ဝင်ရောက်နိုင် ရေးအတွက်      လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း၍ ကြိုးပမ်းဆောင်ရွက် ခဲ့ရာ  ယခုအခါရေများ  အတိုင်းအတာ တစ်ခုအထိ  ပြန်လည်ဝင်ရောက်လျက် ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု  ကြောင့် ရာသီဥတုများ ဖောက်ပြန်လာ ပြီး  မိုးရွာသွန်းမှုများ နည်းပါးလာကာ ဆည်များနှင့်          ကန်များအတွင်းသို့ ရေဝင်ရောက်မှုများ နည်းပါးလာကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် သစ်တော  သစ်ပင်များအား       ထိန်းသိမ်းကြရန် လိုကြောင်း။


မိုးရေတိုက်စားခြင်းကြောင့် လမ်းများ ပျက်စီးမှု ဖြစ်ပေါ်စေနိုင်၍ ကားလမ်းများ အပေါ်တွင်   ကျရောက်လျက်ရှိသည့် သစ်ပင်များ၏      သစ်ကိုင်းများအား ရှင်းလင်းရန်လိုကြောင်း၊       ခရီးသွား များ ဝင်ရောက်မှုများပြားစေရေးအတွက် မိမိတို့မြို့ သာယာလှပစေရေး တာဝန် ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သာယာ လှပရေးသည်   အခြားကဏ္ဍများနှင့် ဆက်စပ်လျက်ရှိသဖြင့်  ဘက်ပေါင်းစုံမှ ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အိမ်သာမှ ဧည့်လာမည်ဖြစ်ကြောင်း။


ထည့်သွင်းတွက်ချက်


မြို့ပြတိုးချဲ့ရေးနှင့်ပတ်သက်၍ မိမိ၏ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ အကြံပြုတိုက်တွန်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊  လူသွားပလက်ဖောင်းများ စနစ်တကျရှိစေရေး၊ အရိပ်ရလေကာပင် များ    စိုက်ပျိုးရာတွင်လည်း   လမ်းနှင့် လွတ်ကင်းမှုရှိစေရေးအတွက် စနစ်တကျ ကြိုတင်တွက်ချက်  ဆောင်ရွက်ကြရန် လိုကြောင်း၊ လမ်းများတည်ဆောက်ခြင်း၊ မြို့ပြများတိုးချဲ့ခြင်းများ ဆောင်ရွက်ရာ တွင် အနာဂတ်စီမံကိန်းများအတွက်ပါ ထည့်သွင်းတွက်ချက်   ဆောင်ရွက်ရန် လိုကြောင်း၊ မြို့ပြတည်ဆောက်ရေးနှင့် ပတ်သက်၍   အဘက်ဘက်မှ  စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အဆောက် အအုံများဆောက်လုပ်ရာတွင် သက်ဆိုင်ရာ ဥပဒေစည်းကမ်းသတ်မှတ်ချက်များနှင့် အညီ     ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊     ပြင်ဦးလွင်ဘူတာသည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတား သည်လည်း  သမိုင်းဝင်နေရာတစ်ခုဖြစ် ကြောင်း၊ ခရီးသွားများ စိတ်ဝင်စားမှု ရှိသည့်  ကျောက်မီးသွေးသုံး  ရထား စက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင်မြို့ ကို ဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲ နိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့တွင်    သဘာဝအလှများ များစွာရှိကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင် မြို့ သာယာလှပရေး၊ ကုန်ထုတ်လုပ်မှု များ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွား လုပ်ငန်းများ  တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ  စဉ်းစားဆောင်ရွက်ကြ ရန်လိုကြောင်း။


ပညာရေးမြို့အဖြစ် ဖော်ဆောင်ရန်


ပြင်ဦးလွင်မြို့ကို      ပညာရေးနှင့် ပတ်သက်၍လည်း ပညာရေးမြို့အဖြစ် ဖော်ဆောင်ရန်လိုကြောင်း၊  အလားတူ ကျန်းမာရေးနှင့်    ပတ်သက်၍လည်း ပြင်ဦးလွင်မြို့ကို   ဗဟိုပြု၍   မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင် မြို့အား Clean City၊ Green City ဖြစ် အောင် ဆောင်ရွက်၍ ရှိပြီးသားအခြေခံ ဖြစ်သည့်      ရတနာပုံဆိုက်ဘာစီးတီး၊ အနီးစခန်းလေယာဉ်ကွင်းများကို အသုံး ချ၍ Smart City ဖြစ်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး    လူမှုစီးပွားဘဝ တိုးတက်ရေးအတွက်   ပြည်သူအားလုံး စုပေါင်းဆောင်ရွက်၍ရသည့် သမဝါယမ  စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား စုပေါင်း လုပ်ဆောင်သည့်စနစ်ဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ အစိုးရသည် ပြည်သူ များ၏အကျိုးကို ဖြည့်ဆည်းဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက် နေရသည့်      လုပ်ငန်းတာဝန်များမှာ ကျယ်ပြောသဖြင့် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် လုပ်ငန်း များအဆင်ပြေ      အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း။
ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခုအခါ အတိုင်းအတာတစ်ခုအထိ ကျဆင်းလာပြီ ဖြစ်သော်လည်း   အခြားနိုင်ငံများတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကိုဗစ် - ၁၉ ကူးစက်မှုအား  ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ စနစ်တကျ ပညာပေးခြင်း၊   ထိန်းသိမ်း ကြပ်မတ်ခြင်းများ     ဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့ကြောင်း  သတင်း ရရှိသည်။                        

  သတင်းစဉ်