
ပြင်ဦးလွင် မတ် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးကုသရေး ဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် မတ် ၁၃ ရက်က ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာ ရွာရှိ သာသနာ့အောင်မြေကျောင်းတိုက် စာသင်တိုက်သို့ သွားရောက်၍ သံဃာတော် များနှင့် ဝေယျာဝစ္စအဖွဲ့ဝင်အား ကျန်းမာရေး စောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း ဆေးကုသ ခြင်း ဆောင်ရွက်မှုတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာရှိ သာသနာ့အောင်မြေ ကျောင်းစာသင်တိုက်မှ စာချ၊စာသင်သံဃာ တော် ၂၃၅ ပါးအနက် သံဃာတော် ၁၈၂ ပါး နှင့် ဝေယျာဝစ္စအဖွဲ့ ၁၀ ဦးတို့အား အထွေထွေ သမားတော်၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ မျက်မှန်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကု ဆရာဝန်၊ မျက်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲ ကျွမ်းကျင်၊ အကြောအဆစ်ကျွမ်းကျင်နှင့် ဆေးဝါးကျွမ်းကျင်အဖွဲ့တို့က စမ်းသပ်ကုသပေး ခဲ့ကာ မျက်မှန် ၃၉ လက်နှင့် ဆေးဝါးများ အခမဲ့ လှူဒါန်းခဲ့ပြီး သံဃာတစ်ပါးအား ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ကုသရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား တစ်နေ့တာ အရုဏ် ဆွမ်း၊ နေ့ဆွမ်း၊ စာရေးကိရိယာများ လှူဒါန်း ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ နာယကဆရာတော် ဘဒ္ဒန္တ ဩဘာသ(သာသနပါလဓမ္မာစရိယ၊ သာသန ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ)၏ ဩဝါဒကို နာယူခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)