ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

 

ပြင်ဦးလွင်   စက်တင်ဘာ   ၂၁


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ၏ ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၅) ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ   ပြင်ဦးလွင်တပ်နယ်မှူး    ဗိုလ်မှူးချုပ်   စိုးမြတ်ထွဋ်၊    တပ်မတော် နည်းပညာတက္ကသိုလ်   ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်    အေးမင်းဦး၊   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော် ထွန်းနှင့် တာဝန်ရှိသူများက   ပြင်ဦးလွင် ခရိုင်    ၂၀၂၃  ခုနှစ်  (၂၄)  ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊   အတီးပြိုင်ပွဲကို    ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။


ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  သက်ဆိုင်ရာ  ဘာသာရပ်ပြိုင်ပွဲ အမျိုးအစားများအလိုက် ယှဉ်ပြိုင်ကြပြီး ညနေ ၆ နာရီတွင် ဆုချီးမြှင့်ပွဲဆက်လက် ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက  ပြိုင်ပွဲ    အမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊  အထူးဆုနှင့်  နှစ်သိမ့်ဆုရရှိခဲ့ သူများအား    ဆုများ    ချီးမြှင့်ကြသည်။ ပြင်ဦးလွင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်    စုစုပေါင်း    ပြိုင်ပွဲဝင်   ၉၈   ဦးတို့က  ပြိုင်ပွဲအမျိုးအစားအလိုက်   ဝင်ရောက်            ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။  

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)